ဇန်နဝါရီ ၈
ဆော်ဒီကလပ် အယ်အာလီ အသင်းတွင် ကစားနေသည့် တိုက်စစ်မှူး ဖာမီနိုက အသင်း တွင် ပွဲကစားခွင့် ပျောက်ဆုံးခဲ့ သဖြင့် ထွက်ခွာရန် ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်သို့ ပြန်လည် ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ဖာမီနိုသည် ပြီးခဲ့သည့် နွေ ရာသီ အပြောင်းအရွှေ့ကာလက လီဗာပူးအသင်းမှ အယ်အာလီ အသင်းသို့ အလွတ်ပြောင်းရွှေ့ ခဲ့ကာ အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ပွဲဦးထွက် ပွဲစဉ်တွင် ဟက်ထရစ်ဂိုးသွင်းယူ နိုင်ခဲ့သဖြင့် ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်များတွင် ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရာ ဂိုးသွင်းယူနိုင်ခြင်း မရှိတော့ဘဲ ဂိုးဖန်တီးမှု သုံးကြိမ် သာ ပြုလုပ်နိုင်ခဲ့သောကြောင့် ပွဲကစားခွင့် လျော့နည်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖာမီနိုသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲ စုံ ကိုးပွဲဆက်တွင် လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ ရပြီး ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ သောကြောင့် ပရီးမီးယားလိဂ် သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖူလ်ဟမ်၊ နော်တင်ဟမ်နှင့် ရှက်ဖီးလ် (U) အသင်းတို့က ၎င်းကိုခေါ်ယူရန် အပြိုင်ကြိုးပမ်း နေကြောင်း သိရသည်။
သူရိန်