နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဗလာဟိုဗစ်ချ်ကို ရောင်းချမည်မဟုတ်ကြောင်း ဂျူဗင်တပ် ထုတ်ပြန်

ဇန်နဝါရီ  ၈


ဂျူဗင်တပ်အသင်းက လက်ရှိ ဇန်နဝါရီ ကစားသမားအပြောင်း အရွှေ့ကာလတွင် တိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကို ရောင်းချမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ သည်။

တိုက်စစ်မှူး ဗလာဟိုဗစ်ချ် ကို အာဆင်နယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသော ကြောင့် ဂျူဗင်တပ်အသင်းက ၎င်းတို့၏ ကစားသမားကို ရောင်းချမည် မဟုတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

အာဆင်နယ် အသင်းသည် တိုက်စစ်ပိုင်းတွင် ဂျီးဆပ်နှင့် အန်ကေးတီးယားတို့ နှစ်ဦးကို သာ အားကိုးနေရသည့်အတွက်  ယခုနှစ် ဘောလုံးရာသီတွင် ပရီး မီးယားလိဂ်ချန်ပီယံဆု စိန်ခေါ် နိုင်ရန် လက်ရှိ ဇန်နဝါရီကစား သမား အပြောင်းအရွှေ့တွင် တိုက်စစ်ပိုင်းကို အင်အားဖြည့် တင်းလိုသည့်အတွက် ဗလာဟို ဗစ်ချ်ကို ခေါ်ယူရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းအနေ ဖြင့် အစောပိုင်းက ဘရန့်ဖို့ဒ် အသင်းနှင့် အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိသည့် တိုက်စစ်မှူး အီဗန်တိုနေးကို ခေါ်ယူရန် ကြိုး ပမ်းခဲ့သော်လည်း ဘရန့်ဖို့ဒ် အသင်းက မြင့်မားသည့် ပြောင်း ရွှေ့ကြေး သတ်မှတ်ထားသော ကြောင့် ခေါ်ယူရန် ခက်ခဲနေ သည့်အတွက် ဗလာဟိုဗစ်ချ်ကို သာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။





သူရိန်







အခြားဆက်စပ်သတင်းများ