နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Rolling Stones တေးဂီတအဖွဲ့က သီချင်းအသုံးပြုမှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို သတိပေး

ဇွန် ၂၈  ဝါရှင်တန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် မဲဆွယ်စည်းရုံးရေး စုဝေးပွဲများတွင် ယင်းတို့၏သီချင်းများကို ဆက်လက်အသုံးပြုနေပါက ဥပဒေအရ ရင်ဆိုင်ရလိမ့်မည်ဟု Rolling Stones တေးဂီတအဖွဲ့က သတိပေးခဲ့သည်။ ခွင့်ပြုချက်မရဘဲ ယင်းတို့၏တေးဂီတ အသုံးပြုနေခြင်းကို တားဆီးနိုင်ရန်အတွက် ဂီတအစည်းအရုံး(BMI) နှင့် လုပ်ဆောင်နေသည်ဟု Rolling Stones တေးဂီတအဖွဲ့၏ ရှေ့နေအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ ပြီးခဲ့သည့်ရက်သတ္တပတ်က အုတ်ကလာဟိုးမားပြည်နယ်၊ တူလ်ဆာမြို့တွင် ကျင်းပခဲ့သည့် မဲဆွယ်စည်းရုံးရေး စုဝေးပွဲတွင် You Can't Always Get What You Want သီချင်းကို အသုံးပြုခဲ့သည်။ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလကလည်း အဆိုပါသီချင်းကို အသုံးပြုခဲ့ဖူးသည်။


'' Rolling Stones က ဒေါ်နယ်ထရမ့်ကို ထောက်ခံမပေးပါဘူး''ဟု ၂၀၁၆ ခုနှစ်တွင်  Rolling Stones တေးဂီတအဖွဲ့က တွစ်တာပေါ်တွင် ရေးသားခဲ့ဖူးသည်။  Rolling Stones အဖွဲ့၏ ခွင့်ပြုချက်မရဘဲ ယင်းတို့၏သီချင်းများကို အသုံးပြုနေခြင်းမှာ လိုင်စင်သဘောတူညီမှုကို ချိုးဖောက်ရာရောက်ပြီး ဥပဒေအရ ရင်ဆိုင်ရနိုင်သည်ဟု ဂီတအစည်းအရုံးက  Rolling Stones တေးဂီတအဖွဲ့ ကိုယ်စား ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို အကြောင်းကြားထားသည်။   

(KNT)






အခြားဆက်စပ်သတင်းများ