နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များကို သတ်ရန် ဆုကြေးထုတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ရုရှားငြင်းဆန်

ဇွန် ၂၈  ဝါရှင်တန်


အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များကို သတ်နိုင်ပါက တာလီဘန်အဖွဲ့နှင့် ဆက်နွှယ်နေသည့် လက်နက်ကိုင်များကို ဆုကြေးပေးမည်ဆိုသည့် စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြောင်း ရုရှားနိုင်ငံက ပယ်ချခဲ့သည်။ ဥရောပတိုက်မှ လုပ်ကြံသတ်ဖြတ်ရေး ကြိုးပမ်းမှုများနှင့် ဆက်နွှယ်နေသည့် ရုရှားစစ်တပ်၏ ထောက်လှမ်းရေးတပ်ဖွဲ့က ပြီးခဲ့သည့်နှစ်တွင် ဆုကြေးထုတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ နယူးယော့ခ်တိုင်းမ်နှင့် ဝါရှင်တန်ပို့စ် သတင်းစာများက ဖော်ပြသည်။ အဆိုပါပြောကြားချက်မှာ သံအမတ်များကို ခြိမ်းခြောက်မှုများ ဖြစ်စေသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ပြောသည်။ ရုရှားထောက်လှမ်းရေးအဖွဲ့နှင့် ယင်းကဲ့သို့ သဘောတူညီမှုမျိုး ရယူခဲ့ခြင်းမရှိကြောင်း တာလီဘန်အဖွဲ့က ငြင်းဆန်ခဲ့သည်။ 


၁၉ နှစ်ကြာမြင့်သည့် အာဖဂန်နစ္စတန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူစာချုပ် စေ့စပ်ညှိနှိုင်းရန် အမေရိကန်နိုင်ငံက ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်မတ်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အဆိုပါသတင်းများ အစီရင်ခံ တင်ပြခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်က ဖော်ပြထားသည်။ သို့သော် အဆိုပါဖော်ပြချက်ကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့သည်။ နယူးယော့ခ်တိုင်းမ်သတင်းစာက သတင်းတုများ ရေးသားဖော်ပြနေသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။         


(KNT)






အခြားဆက်စပ်သတင်းများ