ဇန်နဝါရီ ၇
ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်း နှင့်လမ်းခွဲခဲ့သည့် နည်းပြတိုက်နေရာ တွင် ဒင်းနစ်ဇ်ကို ယာယီခန့်အပ်ခဲ့ သော်လည်း ၎င်းအနေဖြင့် အမြဲတမ်း နည်းပြအဖြစ် တောင်းဆိုခဲ့ရာ အဆင်မပြေမှုများကြောင့် ရာထူးမှ ထုတ်ပယ် ခဲ့သည်။
ဘရာဇီးအသင်းသည် နည်းပြဒင်း နစ်ဇ်ကို ပြီးခဲ့သည့် ဇူလိုင်လက တစ် နှစ်သက်တမ်းစာချုပ်ဖြင့် ယာယီနည်း ပြခန့်အပ်ခဲ့ပြီးနောက် ၎င်းနေရာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ၌ ရီးရဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး မည့် နည်းပြ အန်ဆယ် လော့တီကို ခန့်အပ်ရန် လျာထားခဲ့သည်။
သို့သော် နည်းပြ အန်ဆယ်လော့တီ သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် နှစ်နှစ် သက်တမ်းတိုးခဲ့သောကြောင့် ဘရာဇီး အသင်း နည်းပြ ဒင်းနစ်ဇ်က ယာယီ နည်းပြအဖြစ်မှ အမြဲတမ်းနည်းပြအဖြစ် သို့ပြောင်းလဲပေးရန် တောင်းဆိုခဲ့ရာ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီးဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ရာထူးမှထုတ်ပယ် ခဲ့ခြင်း ဖြစ်သည်။
နည်းပြ ဒင်းနစ်ဇ်သည် ဘရာဇီး အသင်းကို တာဝန်ယူခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ခြောက်ပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံးပြီး ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၆ နေရာ၌ ရပ်တည်နေသဖြင့် ခြေစစ်ပွဲ အောင်မြင်ရန် ရုန်းကန်ရမည့် အခြေ အနေဖြစ်နေသည်။
သူရိန်