ဇန်နဝါရီ ၇
လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် အာဖရိကဖလားပြိုင်ပွဲနှင့် အာရှဖလားပြိုင်ပွဲတို့အတွက် ပရီးမီး ယားလိဂ်မှ ကစားသမား စေလွှတ်မှုတွင် ၄၀ ဦးထိရှိခဲ့သည်။
အာဖရိက ဖလားပြိုင်ပွဲသည် ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အာရှဖလားပြိုင်ပွဲ သည် ဇန်နဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကာတာနိုင်ငံတွင်ကျင်းပ မည်ဖြစ်ရာ ပရီးမီးယားလိဂ်ကလပ် အသင်းများအနေဖြင့် ကစားသမား ၄၀ ဦးထိ စေလွှတ်ခဲ့ရပြီး နော်တင်ဟမ် အသင်းကကစားသမား ခြောက်ဦးထိ အများဆုံး စေလွှတ်ခဲ့ရသော်လည်း ဘန်လေ၊ နယူးကာဆယ်နှင့် မန်စီးတီး အသင်းတို့က အာဖရိကနှင့် အာရှကစား သမားများ မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းများထဲတွင် နော် တင်ဟမ်အသင်းက ခြောက်ဦး၊ ဝုဗ် အသင်းက လေးဦး၊ ဘရန့်ဖို့ဒ်အသင်း က လေးဦး၊ ဝက်စ်ဟမ်းအသင်းက နှစ်ဦး၊ စပါးအသင်းက သုံးဦး၊ ရှက် ဖီးလ်အသင်းက နှစ်ဦး၊ မန်ယူအသင်း က သုံးဦး၊ လီဗာပူးအသင်းက နှစ်ဦး၊ ဖူလ်ဟမ်အသင်းက သုံးဦး၊ အာဆင်နယ် အသင်းက နှစ်ဦး၊ ဘုန်းမောက်အသင်း က နှစ်ဦး၊ ဘရိုက်တန်အသင်းက နှစ်ဦး၊ လူတန်၊ အဲဗာတန်၊ ချဲလ်ဆီး၊ ပဲလေ့စ်နှင့် အေဗီလာအသင်းတို့က တစ်ဦးစီစေလွှတ်ခဲ့ရသည်။
သူရိန်