နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဖျက်အမှောင့်များကို နိုင်ငံချစ်စိတ်ဖြင့် ကာကွယ်

ကမ္ဘာကြီးတွင် ဒုတိယကမ္ဘာစစ်အပြီး ဝါဒရေးရာနှစ်ခြမ်းကွဲခဲ့ သည်။ ဆိုဗီယက်ယူနီယံနှင့်အမေရိကန်ပြည်ထောင်စုတို့ အပြိုင်အုပ်စု အဖြစ်ပေါ်ထွန်းလာသည်။ ကမ္ဘာ့ရေးရာများကို ဦးဆောင်ဦးရွက် အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာဆုံချက်အဖြစ် ကုလသမဂ္ဂ အဖွဲ့ကြီးကိုတည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးကို ကိုယ်စားပြုသည့် အဖွဲ့ကြီးဖြစ်သည်။

ကုလသမဂ္ဂသည် အချုပ်အခြာအာဏာပိုင် နိုင်ငံအားလုံးတန်းတူ ရည်တူပါဝင်ခွင့်ရှိသည့် ကမ္ဘာ့စင်မြင့်ဖြစ်သော်လည်း စင်စစ်အားဖြင့် အုပ်စုနှစ်စုယှဉ်ပြိုင်နေရာ အမေရိကန်အုပ်စု၏အသာစီးယူထားမှုက ထင်သာမြင်သာရှိခဲ့သည်။ စီးပွားရေးနှင့်စစ်ရေးတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် နိုင်ငံတကာအဖွဲ့အစည်းကြီးများကို ဩဇာလွှမ်းမိုးထား သည့်နိုင်ငံ၊ နိုင်ငံတကာရေးရာများတွင် အရှိန်အဝါကြီးမားစွာဖြင့် အမေရိကန်နိုင်ငံအ‌နေဖြင့် ကမ္ဘာကြီးကိုမီဒီယာဖြင့်ပါ လွှမ်းမိုးထား သည်။

 သတင်းမီဒီယာများဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ သတင်းစားသုံးသူ များ အနောက်အုပ်စုမီဒီယာများ၏ သတင်းများကဖုံးလွှမ်းထားရာ ငွေကြေးဓနအင်အား နည်းပညာအင်အားဖြင့်တင်ဆက်ကြရာ လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို စံနှုန်းနှစ်မျိုးဖြင့်ဖော်ပြကြသည်။

ယနေ့မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်အပေါ် အခြေခံ၍ မဟုတ်မမှန်သတင်းများ၊ သတင်းတု၊ သတင်းမှားများ ပြုလုပ်ကာလုပ်ကြံဖန်တီးသတင်းများပြုလုပ်၍ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ယင်းသတင်းတုသတင်းမှားများသည် နိုင်ငံအတွက် အန္တရာယ်များသော သတင်းစကားများဖြစ်သည်။ ကောလာဟလ ကြောင့် ပြည်ပျက်ရသည်များ ကြုံတွေ့ဖူးကြသည်။ လူမှုကွန်ရက် ပေါ်တွင် မသမာသူများနှင့်ပြည်ဖျက်မီဒီယာများ ဖြန့်ဝေနေသည့် သတင်းတု၊ သတင်းမှား၊ သတင်းယောင်များသည် ပြည်သူများ အတွက် စိုးရိမ်ကြောက်လန့်နေကြသည်။

 မည်သို့ပင်ဆိုစေ သတင်းတု၊ သတင်းများတိုက်ဖျက်ရေးနှင့် သတင်းများ မှန်ကန်စွာစီးဆင်းရေးအတွက် ပြည်သူလူထုအနေဖြင့် နိုင်ငံချစ်စိတ်ဖြင့် နည်းလမ်းပေါင်းစုံကာကွယ်စောင့်ရှောက်ပေးကြရ မည်ဖြစ်သည်။

 သို့ဖြစ်ရာ နိုင်ငံကိုချစ်သည့်စိတ်၊ တိုးတက်ဖွံ့ဖြိုးလိုသည့်စိတ် ဖြင့်မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ အဖျက်အမှောင့်လုပ်ရပ်များကို ဆန့်ကျင့်တိုက်ဖျက်ကြရန် နိုင်ငံသူ၊ နိုင်ငံသားပြည်သူတစ်ရပ်လုံး အား တိုက်တွန်းနှိုးဆော်ရပါသည်။  ။






အခြားဆက်စပ်သတင်းများ