နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပစူပါဖလားပြိုင်ပွဲ ဝင်ရောက်မည့်အသင်းများကို စီးရီးအေမှ ထုတ်ပယ်မည်ဟု သတိပေး

ဇန်နဝါရီ ၅


အီတလီဘောလုံးအဖွဲ့ချုပ်က ဥရောပစူပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက် ကစားမည့် အသင်းများကို အီတလီစီးရီး အေပြိုင်ပွဲက ထုတ်ပယ်သွားမည်ဟု ပြင်း ပြင်းထန်ထန် သတိပေးမှု ပြုလုပ်သည်။

လက်ရှိတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့က ဦးဆောင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကဲ့သို့ ဥရောပစူပါလိဂ် ပြိုင်ပွဲအမည်ဖြင့် ပြိုင်ပွဲအသစ်တစ်ခု ကျင်းပရန် စီစဉ်နေပြီး ပြိုင်ပွဲဝင် အသင်း များကိုလည်း ချိတ်ဆက်မှုများ ပြုလုပ် လျက်ရှိသည်။

အစောပိုင်းက ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပမည့် စီမံကိန်းတွင် စီးရီးအေ ထိပ်သီးအသင်းများဖြစ်သည့် ဂျူဗင် တပ်၊ အေစီမီလန်နှင့် အင်တာမီလန် အသင်းတို့က ပါဝင်ခဲ့ကြသော်လည်း သက်ဆိုင်ရာ ကလပ်အသင်း ပရိသတ် များ၏ ဆန့်ကျင်မှုများကြောင့် စီမံကိန်း မှ ပြန်လည်နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ စီးရီးအေကလပ် အသင်းများက ဥရောပစူပါလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းပယ်ထား သော်လည်း နောင်တစ်ချိန်တွင် ပြန် လည်ပါဝင်သွားနိုင်သည့် အခြေအနေ များကြောင့် အီတလီနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က စည်းမျဉ်းသစ်တစ်ခု ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး စီးရီးအေပြိုင်ပွဲ အပါအဝင် နိုင်ငံတွင်း ကျင်းပသည့် ပြိုင်ပွဲများမှ ထုတ်ပယ်မည်ဖြစ်ကြောင်း သတိပေး ခဲ့ခြင်း ဖြစ်သည်။                   



 သူရိန်







အခြားဆက်စပ်သတင်းများ