နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာခံစစ်ကစားသမား ကန်ဆယ်လို ဒူးအရွတ်ဒဏ်ရာရ

ဇန်နဝါရီ ၆


ဘာစီလိုနာအသင်းက လက်ပါးမက် အသင်းကိုနှစ်ဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ သည့် ပွဲစဉ်တွင်ဘာစီလိုနာ အသင်းခံ စစ်ကစားသမား ကန်ဆယ်လိုသည် ဒူးအရွတ်ထိခိုက်ဒဏ်ရာရရှိခဲ့သော ကြောင့် ကာလရှည်အနားယူရဖွယ်ရှိပြီး လာမည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ် ကြောင်း ဘာစီလိုနာအသင်းက ထုတ် ပြန်ခဲ့သည်။

ကန်ဆယ်လိုသည် လက်ပါးမက် အသင်းနှင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမား အဖြစ်ပါဝင်လာခဲ့ပြီး ပွဲကစားချိန် ၁၀ မိနစ်အရောက်တွင် လက်ပါးမက် အသင်း၏ တိုက်စစ်ဆင်မှုကိုဟန့်တား ခဲ့ရာ ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာရရှိခဲ့ သဖြင့် ခံစစ်ကစားသမားခရစ်စတန် ဆန်နှင့် လူစားလဲထွက်ခွာခဲ့ရသည်။

လက်ရှိတွင် ဘာစီလိုနာအသင်း သည် ကန်ဆယ်လို၏ ဒူးဒဏ်ရာကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နေ သဖြင့် ဒဏ်ရာနှင့်ပတ်သက်၍ အတိ အကျ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ခွဲစိတ်ကုသမှုခံယူရပါက ကာလရှည် အနားယူရဖွယ်ရှိနေသည်။           





သူရိန်







အခြားဆက်စပ်သတင်းများ