လူဆိုသည်မှာ တစ်ခါတစ်ရံမှားယွင်းတတ်သည့် သဘောရှိ သည်။ ပျက်အစဉ်၊ ပြင်ခဏဆိုသကဲ့သို့ မိမိဘဝလမ်းကြောင်းတည့် မတ်သွားနိုင်ရပေမည်။ အထူးသဖြင့် လူသားအချင်းချင်းစာနာ ထောက်ထားသင့်သည်။ သည်းခံခွင့်လွတ်တတ်သောစိတ်၊ အများ ကောင်းစားကြီးပွားတိုးတက်စေလိုသော စိတ်ဓာတ်များ ထားရှိသင့် သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှု ကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ" နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သည့် ၇၆ နှစ်မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ " နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင် ဒဏ်ပေးသည့်အမိန့်ထုတ်ပြန်သည်။
ဤနေ့တွင်အဓိကပျော်နေကြသူများမှာ အကြောင်းအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ကျခံနေရသူများပင်ဖြစ်သည်။ ပြစ်ဒဏ်ကျခံနေရ သူများမှာ မိသားစုများ၊ ဆွေမျိုးများ၊ အပေါင်းအသင်းသူငယ်ချင်း များနှင့်ပြန်လည်ဆုံစည်းခွင့်ရ၍ ပြန်လည်လွတ်မြောက်လာ၍ ကိုယ်တိုင်ပျော်ရွှင်ရသလို မိသားစုအပေါင်းတို့ကလည်း ပျော်ရွှင် ကြရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်၍ အကျဉ်းသူ၊ အကျဉ်းသားများအား မေတ္တာ၊ စေတနာရှေ့ထား၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးသကဲ့သို့ အကျဉ်း ထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသူများ အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့တွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်စွမ်းဆောင် ကျေးဇူးတုံ့ပြန် စေချင်ကြောင်း။ ။