နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိန်းသိမ်းကာကွယ်ရမည့် မြန်မာ့လွတ်လပ်ရေး

မြန်မာနိုင်ငံရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများ အားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရင်း ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြဌာန်းအရိပ်အောက် တွင် ရပ်တည်ခဲ့ကြသည်။

သယံဇာတပေါကြွယ်ဝသည့် မိမိတို့နိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ က ၁၈၂၄ ခုနှစ်၊ ၁၈၂၅ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး မတရားကျုးကျော်သိမ်းပိုက်ခံရကာ ၁၈၈၆ ခုနှစ် တွင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကိုပါဆုံးရှုံးခဲ့ရသည်။

မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝရောက်ချိန်တွင် နိုင်ငံ့စီးပွား အရင်းအမြစ်များအားလုံးမှာ နယ်ချဲ့ဗြိတိသျှတို့ လက်ထဲမှာသာရှိ ခဲ့သည့်အတွက် ရရှိသမျှအကျိုးအမြတ်အားလုံးသည် နယ်ချဲ့အရင်း ရှင်တို့အတွက်သာဖြစ်သည်။

ကိုယ့်ထီးကိုယ့်နန်းကို တန်ဖိုးထားသည့်စိတ်၊ ဖိနှိပ်ချုပ်ချယ်မှု အပေါ်မခံချင်စိတ်ဖြင့် ဗြိတိသျှနှင့်ဖက်ဆစ်များအပေါ် နာကြည်းစိတ် များကြောင့်ဖြစ်ပေါ်လာသော ပြည်ထောင်စုစိတ်ဓာတ်ကို အကြီးမား ဆုံးသော ခွန်အား၊ စွမ်းအားအရှိဆုံး လက်နက်အဖြစ်အသုံးပြုကာ မဆုတ်မနစ်သော ဇွဲ့လုံ့လဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ခြင်း ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ်ရပ်တည်ခဲ့သည်မှာ ယနေ့ဆို လျှင် ၇၆ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့အုပ်ချုပ်မှုကာလတွင် ယင်းတို့၏သွေးခွဲ အုပ်ချုပ်မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအားနည်းခဲ့ရ သည်။ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ် မှု အားနည်းကျဆင်းမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွား ခဲ့ရသည်။

ထိုမှတစ်ဆင့်ပြည်ထောင်စုပြိုကွဲခြင်း၊ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းစသည့်အခြေအနေများကို ခြိမ်းခြောက်လာသော အန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ခံစားကြရသည်။ အသက်တမျှ အရေးကြီးသည့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားပြည်သူများ နှင့်တွဲလက်ညီညီရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့နေခြင်းသာဖြစ်သည်။

လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးအဖြစ် ရပ်တည် လာခဲ့သည်မှာ ၇၆ နှစ်တိုင်ရောက်ရှိလာပြီဖြစ်ရာ ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လေးနက်စွာခံယူစောင့်ထိန်း ကြရမည်ဖြစ်သည်။

 သို့ဖြစ်ရာ ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်မှုဖြစ်စဉ်များ အားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့်ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   ။







အခြားဆက်စပ်သတင်းများ