ရန်ကုန် ဇန်နဝါရီ ၄
ပီအက်စ်ဂျီအသင်းသည် ဘရာဇီး ကလပ် ဆာပေါ်လိုအသင်းတွင် ခြေစွမ်း ပြသနေသည့် ခံစစ်ကစားသမား ဘာရာ ဒိုကို ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဖြင့် ခေါ်ယူနိုင်သည်။
ဘာရာဒိုကို လီဗာပူးအသင်းကခေါ် ယူရန် ချိတ်ဆက်ခဲ့သော်လည်း ပီအက်စ် ဂျီအသင်းက လက်ဦးမှုရယူ၍ပြောင်း ရွှေ့ကြေး ယူရိုသန်း ၂၀ ဖြင့် သဘော တူညီမှုရရှိခဲ့ပြီး ငါးနှစ်စာချုပ်ချုပ်ဆို နိုင်သည်။
"ပီအက်စ်ဂျီအသင်းလို ရည်မှန်းချက် ကြီးမားတဲ့ အသင်းကြီးနဲ့ ပူးပေါင်းခွင့် ရတာ အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော်ဘဝရဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး ကစားသမားဘဝ အောင်မြင်မှုတွေ ရယူနိုင်မှာ သေချာပါ တယ်"ဟု ဘာရာဒိုက ပြောကြားခဲ့သည်။
လက်ရှိတွင် နည်းပြ အန်းနရစ်သည် အားနည်းနေသည့် ခံစစ်ပိုင်းကို ထပ်မံ ဖြည့်တင်း၍ လီဂူးဝမ်း ချန်ပီယံဆု ဖလားကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လူငယ်ကစားသမား ဘာရာဒိုကို ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အသင်းတွင် ကျောနံပါတ် ၃၅ ကို ဝတ်ဆင်ကစား သွားမည်ဖြစ်သည်။
သူရိန်