ဇန်နဝါရီ ၄
အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေအက်ဖ်စီအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် စပါးအသင်းမှ ထွက်ခွာခွင့် ပြုထားသည့် ဂိုးသမား လိုရစ်ကို တစ် နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်သည်။
အသက် ၃၇ နှစ်အရွယ်ရှိ ဂိုးသမား လိုရစ်သည် စပါးအသင်းနှင့် လာမည့် ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံး မည်ဖြစ်ပြီး အသင်းတာ၀န်ရှိသူများ က ဇန်နဝါရီ အပြောင်းအရွှေ့တွင် လွတ်လပ်စွာ အသင်းပြောင်းရွှေ့နိုင် ကြောင်း ပြောကြားခဲ့သောကြောင့် မေ ဂျာလိဂ်ကလပ် အယ်လ်အေအက်ဖ်စီ အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သကဲ့သို့ စာချုပ် ကုန်ဆုံးပါက တစ်နှစ်သက်တမ်းတိုးခွင့် ပါရှိသည်။
ဂိုးသမား လိုရစ်သည် ၂၀၁၂ ခုနှစ် က လိုင်ယွန်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ ၁၁ နှစ်ကျော် ကစားခဲ့ရာ ပြိုင်ပွဲစုံ ၄၄၆ ပွဲတွင် Clean Sheet ၁၅၁ ပွဲ ထိ ရရှိခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ သို့ ပို့ဆောင်နိုင်ခဲ့သူဖြစ်သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်ခဲ့ရကာ ပြိုင်ပွဲ စုံ ၂၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိသည်။
လိုရစ်ကို ဥရောပအသင်းကြီးများနှင့် ဆော်ဒီကလပ်အသင်းများက စိတ်ဝင် စားနေသော်လည်း ၎င်းအနေဖြင့် မေဂျာ လိဂ်ကလပ်သို့သာ ပြောင်းရွှေ့ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။
သူရိန်