ဇန်နဝါရီ ၃
ပဲလေ့စ်အသင်း နည်းပြ ရွိုင်းဟော့ ဆန်သည် အသင်းနှင့် လာမည့် ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်၌ သက် တမ်းတိုးရန် မစီစဉ်တော့ဘဲ အသင်း မှထွက်ခွာမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အသက် ၇၆ နှစ်အရွယ်ရှိ နည်းပြ ရွိုင်းဟော့ဆန်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက နည်းပြ ဗီအဲရာ၏နေရာကို တာဝန်ယူခဲ့ပြီး အမှတ်ပေးပြိုင်ပွဲ ၁၀ ပွဲ တွင် ငါးပွဲအနိုင်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ကာ အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပြီး နောက်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ် ခဲ့သော်လည်း အသင်းတာဝန်ရှိသူ များက တစ်နှစ်သက်တမ်း တိုးခဲ့သော ကြောင့် နည်းပြတာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အသင်းအနေဖြင့် နိုဝင်ဘာ က ကစားခဲ့သည့် ဘန်လေအသင်း နှင့် ပွဲစဉ်အပြီးတွင် အမှတ်ပေးပြိုင်ပွဲ ခုနစ်ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့သော ကြောင့် နည်းပြ ရွိုင်းဟော့ဆန်နှင့် ပဲလေ့စ်အသင်းတို့ အနာဂတ်မှာ မရေရာ မှုများရှိလာခဲ့ပြီး ဘရန့်ဖို့ဒ် အသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင် နည်းပြ ရွိုင်းဟော့ဆန်က စာချုပ်ကုန်ဆုံးလျှင် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားပြီး အသင်းတာဝန်ရှိသူများ ကလည်း ရလဒ်ပိုင်းကို စောင့်ကြည့်နေ ကာ နည်းပြအပြောင်းအလဲ ပြုလုပ်နိုင် ဖွယ်ရှိနေသည်။
သူရိန်