နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၉ Novel Coronaviur (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်

၂၀၁၉ Novel Coronaviur (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သောပစ္စည်းများအား ဗဟိုကော်မတီသို့ Excellent Fortune Foundation မှ ပေးအပ်လှူဒါန်း . ၂၀၁၉ Novel Coronaviur (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သောပစ္စည်းများအား ဗဟိုကော်မတီသို့ Excellent Fortune Foundation မှ ပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမ ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက "ကမ္ဘာ့ကတ်ရောဂါကြီးကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောသလိုပါပဲပြည်သူလူထုပူပေါင်းဆောင်ရွက်မှ သာ ပြေလည်နိုင်မှာဖြစ်ပါတယ် ကျနော်တို့နိုင်ငံက အခက်အခဲကနေ ရုန်းကန်နေရတဲ့ တိုင်းပြည်ဖြစ်ပါတယ်၊ ခုကတ်ရောဂါဖြစ်ပြီးဆိုတည်းက အလှူရှင်များလာရောက်လှူဒါန်းတာရှိပါတယ်၊ဗဟိုကော်မတီကိုလှူဒါန်းတာရှိပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊တိုင်းကျန်းမာရေးဦးစီးဌာန အသီးသီးကို လှူဒါန်းကြပါတယ် ၊ဒါကြောင့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီကာလက နှစ်သက်ကူးကာလ ဖြစ်တဲ့အတွက် ကြောင့် ကျနော်တို့နိုင်ငံမှာ အလှူအတန်းတွေပြုကြတယ်၊အခုလိုကျန်းမာရေးလှူဒါန်းတာက ဇီဝိတဒါန လှူဒါန်းတာဖြစ်တဲ့အတွက် ကြောင့် အလွန်းပင်မြင့်မြတ်တဲ့ စိတ်ထားနဲ့ဆောင်ရွက်တာဖြစ်ပါတယ် " ဟု အမှာစကားပြောကြားရာတွင်ပြောကြားသည်။ ယခုလက်ရှိတွင် ပြည်ပမှပြန်လာသော နိုင်ငံသားများသည်၊ လှည်းကူးမြို့နယ် ကွင်းဆင်းသင်တန်းကျောင်း တွင် ၁၀၇ ဦးရှိသည့်အနက် ကျန်းမာရေးစောင့်ရှောက်မှု မနိုင်သည့်အတွက် အနည်းငယ်ခွဲ၍ ဆရာတော်အရှင် ဆန္ဒာဓိကကျောင်းသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ ထို့နောက် တာမွေမြို့နယ် AYA Bank Training Center တွင် ၂၃ ဦး၊ရန်ကုန် airports hotel တွင် ၇၁ ဦး၊၇ မိုင် hotel တွင် ၃၁ ဦး အသီးသီးစောင့်ကြည့် ထားရှိကြောင်းသိရသည်။ ဆက်လက်ပြီး ထားရှိရန် လှိုင်တက္ကသိုလ်နယ်မြေဝင်းအတွင်းရှိ ပညာရေးဝန်ထမ်းများ ထားရှိမည့် အဆောက်အအုံ အခန်း ၈၄ ခန်းပါ တိုက်နှစ်လုံး ကိုလဲ အသင့်ထားရှိကြောင်းသိရသည်။ ဆက်လက်၍ အလှူရှင်များမှပေးအပ်သော PPE ဝတ်စုံ ၁၆၃၆ စုံ၊ရာဘာလက်အိတ် ၆၅၄၄ စုံ ၊Medical Goggles ၅၄၅ ခု၊ Face Masks ၁၈၀၂၀ ခု၊N95 Masks ၁၉၆၃ ခုတို့အား အလှူရှင်များမှ လှူဒါန်းရာ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးတို့မှ လက်ခံယူခဲ့ကြကြောင်းသိရသည်။






အခြားဆက်စပ်သတင်းများ