နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကောင်းမွန်ရေး

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကိုဖြစ်ပေါ်စေသည့် ကမ္ဘာကြီး ပူနွေးလာမှုကို မှန်လုံအိမ်အာနိသင်ဟုဆိုသည်။ မှန်လုံအိမ်အာနိသင် ဖြစ်ရခြင်းသည် မှန်လုံအိမ်ဓာတ်ငွေ့များတိုးပွားလာခြင်းကြောင့်ဟုဆိုသည်။

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်းဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်လာနေ ကြောင်း ကမ္ဘာတစ်ဝန်းကအစီအမံများပြုလုပ်ထိန်းချုပ်သွားရန် လိုကြောင်း ကုလသမဂ္ဂ အသိပေးချက်ထုတ်ပြန်ထားသည်။

 သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ထိခိုက်ဆုံးရှုံးမှုနည်းနိုင် သမျှ အနည်းဆုံးနှင့်သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ထိခိုက် မှုမဖြစ်စေဘဲ လူမှုစီးပွားဘဝရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သည့် စီးပွားရေးလုပ်ငန်းကို အစိမ်းရောင်စီးပွားရေး ဟုဆိုသည်။

 ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ခြင်းနှင့်လူသားတို့အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခြင်း၊ ဇီဝမျိုးစိတ်အချို့မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ လူသားတို့ကျန်းမာရေးထိခိုက်စေသည့် ပိုးမွှားများပေါက်ပွားလာ ခြင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း စားနပ်ရိက္ခာထုတ်လုပ်ခြင်းတို့ ထိခိုက်စေသည်။

 ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာခြင်းနှင့်ခေတ်မီတိုးတက် လာခြင်း၊ လူ့ပယောဂကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်အခြား မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုများပြားလာခဲ့ရာ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲသည့် အကျိုးဆက် ကို ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံသည် သစ်တောသယံဇာတပေါများကြွယ်ဝသော် လည်း ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့နိုင်ငံရှိ ဒီရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တောများ တစ်စတစ်စ ယိုယွင်းပျက်စီးလာနေသည်။ ယခုအခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဒေသတွင်းစိမ်းလန်းစိုပြည်ရေး  သစ်တောသယံ ဇာတများ ပြန်လည်ဖွံ့ဖြိုးလာရန် စီမံချက်များရေးဆွဲအကောင် အထည်ဖော်လျက်ရှိသည်။

 ဒေသတွင်းစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည်  မှာ ယနေ့လူငယ်များဖြစ်သည်။ အစိမ်းရောင်စီးပွားရေးလုပ်ငန်း များကို တည်ဆောက်ခြင်းဖြင့် မြေကမ္ဘာကိုဒုက္ခပေးနေသော ဖန်လုံ အိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာခြင်းကို လျှော့ချ သွားရန် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။   ။







အခြားဆက်စပ်သတင်းများ