နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွတ်လပ်ရေးကိုထိန်းသိမ်းကာကွယ်

၂၀၂၃ ခုနှစ်ကုန် ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းခဲ့ပြီး နှစ်သစ်ကာလ အတွင်း ကမ္ဘာအရပ်ရပ်တွင် ပျော်ရွှင်ဖွယ်ရာများဖြင့် နှစ်သစ်ကူးခဲ့ ကြပေပြီ။ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်တွင်လည်း ပြည်သူ အပေါင်းတို့ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုခဲ့ကြပေပြီ။ ဤသို့ပျော်ရွှင်ကြည်နူးစွာဖြင့် နှစ်သစ် ကူးပွဲတော်များကျင်းပနိုင်ခြင်းကပင် လွတ်လပ်သောနိုင်ငံ၏ သရုပ် သကန်ကိုဖော်ကျူးနေခြင်းဖြစ်သည်။
 မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၆ နှစ်ပြည့်မြောက် တော့မည်ဖြစ်သည်။ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံနှင့်ထိုက်တန်သောအရည်အချင်းဂုဏ်ဒြပ်များဖြင့် ပြည့်စုံစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
 လွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့်ရင်ပေါင်တန်းရာတွင် တိုင်းပြည်ကိုအန္တရာယ်ရန်စွယ် အပေါင်းမှကာကွယ်ရန်အပြင် တန်းတူခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် စဉ်ဆက်မပြတ်တည်ဆောက်ကြရမည်ဖြစ်သည်။ အဓိက အားဖြင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးရေးဦးမော့လာအောင်၊ ဖွံ့ဖြိုးတိုး တက်အောင်ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံသူနိုင်ငံသားများ အနေဖြင့် စွမ်းနိုင်သ၍ အလုပ်လုပ်ကြရမည်ဖြစ်သည်။
 မြန်မာ့လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ဖြင့် လဲလှယ်ခဲ့ကြရသည်။ မြန်မာတိုင်းရင်းသားအားလုံး၏ စည်းလုံး ညီညွတ်မှုဖြင့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့တွင် ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံသားတို့ လွန်ခဲ့သော ၇၅နှစ် မတိုင်မီက နယ်ချဲ့တို့၏ ခြယ်လှယ်မှုအောက်တွင် ပြားပြားဝပ် ခဲ့ကြရသည်။ မလွတ်လပ်ခြင်း၏ ဆိုးကျိုးများကိုခံစားကြရသည်။ ယနေ့အခြေအနေတွင် စည်းကမ်းမူဘောင်အတွင်းမှ လူတိုင်းလူတိုင်း လွတ်လပ်ရေး၏အနှစ်သာရကို ကောင်းစွာခံစားနိုင်ပေသည်။ လွတ်လပ်ခြင်းတန်ဖိုးကိုသိရှိပြီး လွတ်လပ်ခြင်း၏သဘောကို နားလည်မှသာလွတ်လပ်ရေးကို ကာကွယ်နိုင်မည်ဖြစ်သည်။ လွတ်လပ်ရေးဟူသည် ပေါ့ပေါ့တန်တန်သဘောထားလျှင် အလွယ် တကူဆုံးရှုံးနိုင်သည်။
 မည်သို့ပင်ဖြစ်စေ နိုင်ငံတော်ကိုဦးဆောင်ဦးရွက်ပြုသည့် နိုင်ငံတော်ကို ရှေ့ဆောင်လမ်းပြပြုလုပ်ပေးသည့် နိုင်ငံတော်အစိုးရ သည် အခက်အခဲအနှောင့်အယှက် စိန်ခေါ်မှုများကြားမှ လွတ်လပ် ရေးနှင့်ထိုက်တန်သည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော် ရပါသည်။






အခြားဆက်စပ်သတင်းများ