ဇန်နဝါရီ ၂
စပါးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် ဘုန်းမောက်အသင်း နှင့်ကစားခဲ့ရာ သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင် ရခဲ့သော်လည်း ကွင်းလယ်ကစားသမား ပါပီဆားအနေဖြင့် ဒဏ်ရာရရှိခဲ့သော ကြောင့် ဒဏ်ရာရကစားသမား မြင့်တက် လာသည်။
ဘုန်းမောက်အသင်းနှင့် ပွဲစဉ်တွင် ပါပီဆားသည် ပွဲထွက်ကစားသမား အဖြစ် ပါဝင်လာခဲ့ပြီး ပွဲကစားချိန် ၉ မိနစ်တွင် အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူပေးခဲ့သော်လည်း ပွဲချိန် ၃၂ မိနစ်အရောက်တွင် ကြွက်သားဒဏ်ရာ ကြောင့် အသင်းဖော်ကစားသမား အိုလီ ဗာစကစ်နှင့် လူစားလဲခဲ့ရသည်။
လက်ရှိတွင် ပါပီဆား၏ဒဏ်ရာ ကိုစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဒဏ်ရာအခြေအနေမှာ ရက်သတ္တပတ် အနည်းငယ် အနားယူရမည်ဖြစ်သဖြင့် ဒဏ်ရာရ ကစားသမားများဖြစ်သည့် မက်ဒီဆင်၊ ဗန်ဒီဗန်၊ ရိုမဲရိုး၊ ပါရီဆစ်၊ ဆက်စက်နွန်၊ ဆော်လမွန်တို့နှင့်အတူ အသင်း၏ ပွဲစဉ်များကို လွဲချော်မည်ဖြစ် သည်။
သူရိန်