ဇန်နဝါရီ ၂
မန်စီးတီးအသင်း နည်းပြဂွာဒီယို လာသည် လာမည့်ဆောင်းရာသီအား လပ်ရက် ကာလတွင် ကာတာနိုင်ငံ၊ အဘူဒါဘီ မြို့၌ လေ့ကျင့်ရေး အစီအစဉ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ပြော ကြားခဲ့သည်။
မန်စီးတီးအသင်းသည် လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနှင့် ကစားအပြီးတွင် ဆောင်းရာသီအားလပ် ရက်ကာလ အနားယူမည်ဖြစ်ပြီး ဖေဖော် ဝါရီ ၁ ရက်မှသာ ဘန်လေအသင်းနှင့် ကစားရမည်ဖြစ်သောကြောင့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တွင် အဘူဒါဘီ မြို့၌ လေ့ကျင့်ရေးအစီအစဉ် ပြုလုပ် ပြီး ဒုတိယရာသီဝက်အတွက် ပြင်ဆင် မှုပြုလုပ်မည်ဖြစ်ကြောင်း နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် မန်စီးတီးအသင်းသည် ဒဏ်ရာကြောင့် အနားယူနေရသည့် တိုက်စစ်မှူး ဒိုကူနှင့် ဟာလန်း၊ ခံစစ် ကစားသမား ဂျွန်စတုန်းတို့ကို ကြံ့ခိုင် မှုပြည့်ဝရန် စောင့်ဆိုင်းလျက်ရှိကာ ဒုတိယရာသီဝက်တွင် ပြန်လည်ပါဝင် နိုင်ရန် မျှော်လင့်ထားသည်။
သူရိန်