နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်သူများ ဒူးအဆစ်လွဲနိုင်၍ သတိထားရန် လိုအပ်

ဇွန် ၂၇

ကိုယ်အလေးချိန် သာမန်ထက်ပိုများပြီး အဝလွန်ခြင်းကြောင့် ဒူးအဆစ်လွဲနိုင်ကာ ခြေထောက် ဖြတ်တောက်ရခြင်းဆီသို့ပင် ဦးတည်နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
အဝလွန်ခြင်းကြောင့် ဒူးပြဿနာကြုံနိုင်ပြီး ကုသစောင့်ရှောက်မှုစရိတ်များကြောင်း သုတေသီတစ်ဦးက ပြောသည်။ အဝလွန်မှုနှုန်း ပိုများလာစဉ် ဒူးအဆစ်လွဲမှုများလည်း မြင့်တက်လာပြီး အဝလွန်သူအရေအတွက် ပိုများ လာစဉ် ယင်းပြဿနာများဖြစ်ပွားမှု ပိုမိုမြင်တွေ့လာရကြောင်း ယင်းကရှင်းပြသည်။

ဒူးအရွတ်များ ပျက်စီးခြင်းကြောင့် ဒူးအဆစ်လွဲနိုင်ပြီး ယာဉ်မတော်တဆဖြစ်ခြင်း၊ အားကစားလုပ်စဉ် ထိခိုက်မိခြင်းတို့ကြောင့် ဒူးအဆစ်လွဲခြင်း အဓိကဖြစ်ပေါ်နိုင်သည်။ သုတေသီများက ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၂ ကြား လူနာ ၁၉,ဝ၀ဝ ကို လေ့လာရာ အဝလွန်သူများ ဒူးအဆစ်လွဲသောဖြစ်ရပ်နှင့် ကြုံတွေ့ရမှုပိုများကြောင်း တွေ့ရှိခဲ့သည်။

အဝလွန်နှင့်ဒူးအဆစ်လွဲခြင်းကြား ဆက်စပ်မှုရှိပြီး အချိန်အတော်ကြာ ဆေးရုံတက်ရကာ ကုသမှု စရိတ်မြင့်မားကြောင်း သုတေသီများကပြောသည်။
ဒူးအဆစ်လွဲခြင်းကြောင့် ဒူးအဆစ်နောက်ဘက်ရှိ အဓိကသွေးကြောထိခိုက်နိုင်ပြီး အဝလွန်သူများသည် သာမန်ကိုယ်အလေးချိန်ရှိသူများထက် ဒူးအဆစ်လွဲနိုင်ခြေ နှစ်ဆပိုမြင့်မားသည်။ ဒူးအဆစ်လွဲခြင်းကို မကုသဘဲထားပါက ခြေထောက်ဖြတ်တောက်ပစ်ရသော အခြေအနေအထိ ရောက်သွားနိုင်သည်။ အဝလွန် ဖြစ်ခြင်းကြောင့် ယင်းပြဿနာအပြင် အခြားသောကျန်းမာရေးဆိုးကျိုးများဖြစ်နိုင်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ