ဇန်နဝါရီ ၁
ဘိုင်ယန်မြူးနစ်အသင်းက လာမည့် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် မန်ယူအသင်း၌ အနာဂတ် မရေမရာဖြစ်နေသည့် ဗာရန်းကို ခေါ်ယူ ရန် ကြိုးပမ်းနေသည်။
အသက် ၃၀ နှစ်အရွယ်ရှိ ဗာရန်း သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလက ရီးရဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်း သို့ ပြောင်းရွှေ့ကစားခဲ့ပြီး ဘောလုံးရာသီ နှစ်ရာသီထိ အဓိကကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့သူဖြစ်သည်။
သို့သော် ဗာရန်းသည် ယခုနှစ်ဘော လုံးရာသီတွင် ဒဏ်ရာပြဿနာကြောင့် အနားယူနေရချိန်တွင် မက်ဂွဲယားက အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိ နေသည့်အတွက် နည်းပြတန်ဟက်က လည်း မက်ဂွဲယားနှင့်အီဗန်တို့ ခံစစ် အတွဲကိုသာ ပထမဦးစားပေးအဖြစ် အသုံးပြုနေပြီး ဗာရန်းကို လူစားဝင် ကစားသမားအဖြစ်သာ အသုံးပြုနေ သည့်အတွက် ကစားသမားကိုယ်တိုင် က အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။
ထို့ကြောင့် မန်ယူအသင်းနှင့် အနာ ဂတ် မရေမရာဖြစ်နေသည့် ဗာရန်းကို အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်း ကလည်း ပစ်မှတ်ထားနေခြင်းကြောင့် ဘိုင်ယန်မြူးနစ် အသင်းက လက်ဦးမှု ရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သူရိန်