နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့်ညီညွတ်သောအားမာန်ဖြင့် နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းစွမ်းဆောင်

ယနေ့သည် ၂၀၂၄ နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၄ နှစ်သစ်တွင် ကောင်းသောကိစ္စအဝဝတို့ကိုကောင်းသည်ထက် ကောင်းအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတစ်ဦးချင်း၊ မိသားစု၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ပျော်ရွှင်ချမ်းမြေ့စေ ရန် လူတိုင်းတာဝန်ကိုယ်စီဖြင့်တည်ဆောက်ကြရမည်ဖြစ်သည်။
 မင်္ဂလာရှိသောနှစ်သစ်တွင် မကောင်းမှုများကိုရှောင်ရှားပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ မိမိတို့လူ့ အဖွဲ့အစည်းသည် ကောင်းသောလူ့အဖွဲ့အစည်းဖြစ်မှသာလျှင် လူတိုင်း ပျော်ရွှင်ကြရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းကောင်းမွန်ရေးတွင် လောကပါလတရားနှင့်အညီ ကျင့်ကြံနေထိုင်ကြရမည်ဖြစ်သည်။ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းကျိုး၊ အများအကျိုးအတွက် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းစွာဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရေး၊ လူမှုစီးပွားဘဝတိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်သည်။
လူသားများ၏တည်ငြိမ်သောစိတ်ထးကို နှောင့်ယှက်ဖျက်ဆီး တတ်သည့်အခြားသောလက္ခဏာနှစ်ခုမှာ ဣဋ္ဌာရုံ၌မက်မောခြင်း၊ အနိဋ္ဌာရုံ၌စိတ်ပျက်ခြင်းပင်ဖြစ်၏။ စိတ်ကိုဟန်ချက်ညီအောင်ထား ခြင်းဟူသော ဥပေက္ခာတရားသည် ဣဋ္ဌာရုံဖြစ်သော တပ်မက်ခြင်း၊ အနိဋ္ဌာရုံ၌ဖြစ်သော စိတ်ပျက်ခြင်းတို့ကို ဖယ်ရှားနိုင်သဖြင့်ဘဝ တည်ငြိမ်ရေးအတွက် ဥပေက္ခာတရားသည် တန်ဖိုးကြီးမားသည်။ ဤထူးခြားမွန်မြတ်သည့် အကျင့်တရားလေးပါးကို ဗြဟ္မစရိယ ဟုလည်းကောင်း၊ ဗြဟ္မဝိဟာရဟုလည်းကောင်း ခေါ်ဆိုနိုင်သည်။ လူသားများသည် ယင်းအကျင့်တရားလေးပါးကို ကျင့်သုံးနိုင်လျှင် ထိုလူသားတို့နေထိုင်သောကမ္ဘာကြီးကို  ထိုလူသားတို့သည် အောက်တန်းမှအထက်တန်းသို့ မြှင့်တင်နိုင်ကြလိမ့်မည်ဖြစ်သည် ဟု နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူ ဆရာတော်အရှင်ဉာဏိဿရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ နှင့် သီတဂူ‌ဆေးရုံတော်များ၏ အဓိပတိက ၂၀၂၄ ခုနှစ်တွင် နှစ်သစ် မင်္ဂလာဆုတောင်းလွှာတွင် ဖော်ပြထားသည်။
ယနေ့အချိန်အခါသမယတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှု စီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် အနှောင့်အယှက်အဟန့် အတားဖျက်ဆီးမှုများကို စည်းလုံးညီညွတ်စွာ ဖယ်ရှားတိုက်ဖျက် ပြီး တိုင်းရင်းသားပြည်သူများအားလုံးနှစ်သစ်တွင် စိတ်သစ်၊ ခွန်အားသစ်များဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ