နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေတစ်ဧက ကျပ်၅၀ဝ၀ဝနှုန်း အပိုထုတ်ချေးပေးမည်

ရန်ကုန် ၂၇

ယခုနှစ်မိုးစပါး စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ အဆင်ပြေစေရန်နိုင်ငံတော်အစိုးရမှစိုက်ပျိုး စရိတ်ချေးငွေကိုပုံမှန်ချေးပေးသော ပမာဏထက်တစ်ဧကလျှင်ကျပ်၅၀ဝ၀ဝ နှုန်းပိုပြီးထုတ်ချေးသွားမည်ဖြစ် ကြောင်းစီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့အပိုဆောင်းထုတ်ချေးရာတွင် မိုးစပါးအတွက်သာမက ဆောင်းသီးနှံများအတွက်လည်း ထုတ်ချေး ပေးသွားမည်ဖြစ်ပြီးယခုတစ်နှစ်တည်းသာ အပိုဆောင်းထုတ်ချေးပေး မည်ဖြစ်ကြောင်းဖြင့် အဆိုပါ အပိုဆောင်းချေးပေးသည့် အစီအစဉ်ကို ယခုအခါ ဒေသအချို့တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။

ယခုနှစ်တွင် COVID-19 ကူးစက်ပြန့်ပွားမှုကြောင့် တောင်သူလယ်သမားများအနေနှင့် ထိခိုက်နစ်နာမှု များရှိခဲ့သည့်အတွက်ယခုကဲ့သို့ မိုးစပါး စိုက်ပျိုးချိန်တွင် ထပ်မံအပိုဆောင်းကာချေးငွေချထားပေးခြင်းဖြစ် ကြောင်း၊ ထို့အပြင် တောင်သူလယ်သမားများ အတိုးနှုန်းသက်သာစေရန် ပြီးခဲ့သည့်နှစ်က ချေးငွေအတိုးနှုန်း ၈ရာခိုင်နှုန်းအစား၅ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်(၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်မှစ၍ တောင်သူလယ်သမားမျာအား စပါးစိုက်ဧက ၁ ဧကအတွက် ချေးငွေကိုကျပ်၁၀ဝ၀ဝ၀ မှ ကျပ် ၁၅၀ဝ၀ဝ အထိလည်းကောင်း၊အခြားသီးနှံများအတွက် (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်မှစ၍ ကျပ်၅၀ဝ၀ဝ မှ ကျပ် ၁၀ဝ၀ဝ၀ အထိလည်းကောင်း တိုးမြှင့်ချေးပေးခဲ့ကြောင်း သိရသည်။                            

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ