နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ဦးစားပေးဆောင်ရွက်

ရန်ကုန်မြို့တော်ဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများ မော်တော်ယာဉ်များ လွယ်လင့်တကူမောင်းနှင်နိုင်ရန်အတွက် လမ်းများတိုးချဲ့ခြင်း၊ လူသွားစင်္ကြံများ ပြုပြင်ခြင်းလုပ်ငန်းများ ကို ရန်ကုန်မြို့တော်စည်ပင်ဘာသာရေးကော်မတီ (အင်ဂျင်နီ ယာဌာန၊ လမ်းနှင့်တံတား) ဝန်ထမ်းများက အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိသည်။

၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ခဲ့သော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် ၅ ရပ်ကွက် ဧရာဝတီပတ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်းကြီးကြပ်မှု အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား) လုပ်ငန်းတာဝန်များဖြစ်သည့် မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းများတည် ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ လမ်းပေါင်း ၇၉ လမ်းအနက် ၃၂ လမ်းဆောင်ရွက်ပြီး စီးကာ ကျန်ရှိသော ၄၇ လမ်းကို ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် တိုးတက်များပြားလာသည့် မော်တော် ယာဉ်များသည် စည်းကမ်းမဲ့ရပ်နားကြသဖြင့် ယာဉ်ကြောပိတ် ဆို့မှုနှင့် ယာဉ်မတော်တဆမှုများ တိုးတက်များပြားလာကြောင်း တွေ့ရသည်။ ယာဉ်မောင်းနှင်သူများ၏ စည်းကမ်းတကျ မောင်းနှင်မှု၊ လိုက်နာဆောင်ရွက်မှုများ၊ အားနည်းလျက်ရှိရာ အရှိန်အဟုန်ပြင်းစွာ မောင်းနှင်မှုများကလည်း ယာဉ်မတော် တဆမှုများကို ဖြစ်ပေါ်စေသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၇၇၈ မှု၊ ဒဏ်ရာ ရသူ ၈၃ ဦး၊ သေဆုံးသူ ၃၀၇ ဦးရှိခဲ့ရာ စည်းကမ်းပျက် မော်တော် ယာဉ်များနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမှု၊ ယာဉ်  စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်နေမှုများ တိုးချဲ့ဆောင်ရွက်သင့်သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်စေချင်ကြောင်း။   ။






အခြားဆက်စပ်သတင်းများ