နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုဗ်အသင်းတိုက်စစ်မှူး ဖေဘီယိုဆေးဗားကို ရိန်းဂျားအသင်း အငှားစာချုပ်ဖြင့် ခေါ်ယူ

ဒီဇင်ဘာ  ၃၁

ဝုဗ်အသင်း တိုက်စစ်မှူး ဖေဘီယိုဆေးဗားကို စကော့ တလန်ကလပ် ရိန်းဂျားအသင်း က ရာသီဝက် အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဖေဘီယိုဆေးဗား သည် ၂၀၂၀ ပြည့်နှစ်က ပေါ်တို အသင်းမှ ဝုဗ်အသင်းသို့ စတာ လင်ပေါင် ၃၅ သန်းဖြင့်ပြောင်းရွှေ့ ရောက်ရှိခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၇၂ ပွဲ ပါဝင်ကစားခဲ့ရာ တွင် သွင်းဂိုး ငါးဂိုးသာ သွင်းယူ နိုင်ခဲ့ပြီး ပုံစံကောင်းပျောက်ဆုံး ခဲ့သောကြောင့် အသင်းအနေ ဖြင့် ဘယ်လ်ဂျီယံကလပ် အန်ဒါ လက်ချ်အသင်းနှင့် နယ်သာလန် လိဂ်-၂ ကလပ် အင်ဟိုဗင်အသင်း တို့သို့ အငှားစာချုပ်ဖြင့်စေလွှတ် ခဲ့သည်။

လက်ရှိတွင် ၎င်းသည် ဝုဗ် အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ သော်လည်း အသင်းအနေဖြင့် စကော့တလန်ကလပ် ရိန်းဂျား အသင်းသို့ ဘောလုံးရာသီကုန် အထိ အငှားစာချုပ်ဖြင့် ထပ်မံ စေလွှတ်ခဲ့သည်။              သူရိန်






အခြားဆက်စပ်သတင်းများ