နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားလုပ်ငန်းမြှင့်တင်

ခရီးသွားခြင်းသည် ကိုယ်ရောစိတ်ပါအပန်းဖြေမှု၊ ကျေနပ် ပျော်ရွှင်မှု၊ ကြည်နူးခံစားမှုတို့နှင့် အတွေ့အကြုံသစ်များကိုရရှိ  လိုသည့်အတွက် ဒေသတစ်ခုခုဆီသို့ သွားရောက်ကြခြင်းဖြစ် သည်။

ခရီးသည်များ၏ လိုအပ်ချက်အတွက် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ ဧည့်ခံဖျော်ဖြေရေးတို့ကို အကောင်းဆုံးစီမံဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိလာနိုင်သကဲ့သို့ ဒေသတွင်း စီးပွားရေးကို လည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည်။

ခရီးသည်များ ပိုမိုလာရောက်ကြစေရန် ဆွဲဆောင်ရေး၊ ခရီးသွားလုပ်ငန်းများအတွက်လိုအပ်ချက်များ ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ရေး၊ ခရီးစဉ်အသစ်များ ဖော်ထုတ်ရေးကို ကြိုတင် ဆောင်ရွက်ရန်လိုအပ်သည်။

 မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ခရီးသွားဒေသများ၊ ဆွဲဆောင်ရာနေရာများ၊ ကိုယ်စီပိုင်ဆိုင်ထား ကြသည်။ ဒေသအလိုက်ကွဲပြားခြားနားမှုများ၊ ထူးခြားမှုများ လည်းရှိနေကြပြီး ခရီးသွားများသိရှိလာစေရန် ဖော်ထုတ်ခြင်း နှင့် စိတ်ဝင်စားလာရောက်ရန် ဖိတ်ခေါ်ခြင်းတို့ပြုလုပ်သွား ကြရမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသန ဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျသုတေသနပြု လုပ်ခြင်းမှတစ်ဆင့်ရရှိလာသည့် ကိန်းဂဏန်းအချက်အလက် များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် သုတေ သနတွေ့ရှိချက်များကို အခြေခံ၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွားစစ်တမ်းများကောက်ယူခြင်း အခမ်းအနား ကို ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ ၁၉ မြို့ရှိ ခရီးသွားဆွဲဆောင်နေရာများ ဝင်၊ ထွက်ပေါက်များ၊ မီးရထားဘူတာရုံများ၌လည်းကောင်း နိုင်ငံခြားသား ခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီ လိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည် ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဂိတ်များတွင် ကောက်ယူသွား မည်ဖြစ်သည်။ ပြည်တွင်း ခရီးသွားများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကောက်ယူလျက်ရှိသည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ဈေးကွက်မြှင့်တင် ရေးအတွက် အရေးပါသည့် အချက်အလက်များကို ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း။     ။






အခြားဆက်စပ်သတင်းများ