နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂလက်စဂိုမြို့ဟိုတယ်တွင် ဓားကိုင်တိုက်ခိုက်ခဲ့သည့် သံသယရှိသူကို ရဲတပ်ဖွဲ့က အသေဖမ်းဆီး

ဂလက်စဂို   ဇွန်   ၂၇

စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့လယ်စင်တာရှိ ဟိုတယ်တစ်လုံးတွင် ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။ ဒဏ်ရာပြင်းထန်သည်ဆိုသည့် အသက် ၄၂ နှစ်အရွယ် ရဲအရာရှိတစ်ဦး အပါအဝင် ဒဏ်ရာရထားသူခြောက်ဦးကို ဆေးရုံတွင် ကုသပေးနေရသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ နေထိုင်နေသည့် ဟိုတယ်တွင် အခြားသူနှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်များက ယူဆခဲ့ကြသော်လည်း ယခုဖြစ်ရပ်တွင် သံသယရှိသူတစ်ဦးသာ သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားခြင်း မရှိသေးဟု ရဲတပ်ဖွဲ့က ပြောသည်။

ဇွန်လ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပြီးနောက် ရဲအရာရှိများက အခင်းဖြစ်ပွားရာနေရာသို့ ၂ မိနစ်အတွင်း ရောက်ရှိလာခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် နောက်ထပ်သံသယရှိသူ တစ်ဦးတစ်ယောက်မျှ ပါဝင်ခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ဆိုသည်။                

(KNT)






အခြားဆက်စပ်သတင်းများ