နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်အသင်း ခံစစ်ကစားသမား ဘရီမာကို သက်တမ်းတိုးစာချုပ် ချုပ်ဆို

ဒီဇင်ဘာ  ၃၀

ဂျူဗင်တပ်အသင်းသည် ယခု နှစ် ဘောလုံးရာသီတွင် ခံစစ် ပိုင်း၌ ခြေစွမ်းပြကစားနေသည့် ခံစစ်ကစားသမား ဘရီမာကို ၂၀၂၈ ခုနှစ်ထိ လုပ်ခလစာတိုးမြှင့် ၍ သက်တမ်းတိုးစာချုပ် ချုပ်ဆို ခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဘရီမာသည် ၂၀၂၁ နွေရာသီ အပြောင်းအရွှေ့ကာလက တိုရီနို အသင်းမှ ဂျူဗင်တပ်အသင်းသို့ ရောက်ရှိခဲ့ကာ ခံစစ်ပိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင် ခဲ့ပြီး အသင်း၏ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ခဲ့သော ကြောင့် တာဝန်ရှိသူများက လုပ်ခ လစာတိုးမြှင့်ကာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဘရီမာသည် ဂျူဗင်တပ် အသင်းနှင့် လာမည့် ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်းကျန်ရှိ နေသော်လည်း စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းက ခေါ်ယူ ရန် စိတ်ဝင်စားနေသည့်အတွက် ၎င်းကို ကာလရှည် ထိန်းသိမ်း ရန် လုပ်ခလစာတိုးမြှင့်ပေးခဲ့ ခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းသည် စီးရီး အေ ချန်ပီယံဆုကို စိန်ခေါ်နိုင် ရန် အသင်းမှ ခြေစွမ်းပြကစား သမားများကို သက်တမ်းတိုးရန် ပြင်ဆင်ခဲ့ကာ လာမည့် ၂၀၂၅ ခုနှစ်မှ စာချုပ်ကုန်ဆုံးမည့် တိုက်စစ်မှူး ချီဆာနှင့် ဗလာဟို ဗစ် အပါအဝင် လာမည့်နွေရာသီ တွင် စာချုပ်ကုန်ဆုံးမည့် ကွင်း လယ်ကစားသမား ရာဘီယို့စ် ကိုလည်း သက်တမ်းတိုးရန် ကြိုးပမ်းနေကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ