နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ကွန်မြူနစ်ပါတီအရာရှိများကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ကန့်သတ်မည်

ဝါရှင်တန်   ဇွန်   ၂၇

ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို ထိခိုက်အောင်လုပ်ခဲ့သည်ဆိုသော တရုတ်ကွန်မြူနစ်ပါတီအရာရှိများကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ကန့်သတ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ အဆိုပါအရေးယူပိတ်ဆို့မှုများတွင် လက်ရှိပါတီဝင်များသာမက ပါတီဝင်ဟောင်းများကိုပါ ပစ်မှတ်ထားနေသည်ဟု ယင်းက ဆိုသည်။

ဟောင်ကောင်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုက်စားစေနိုင်သည့် လုံခြုံရေးဥပဒေကြမ်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံကို ဒဏ်ခတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ပြီးနောက် မိုက်ပွမ်ပီယိုက ယခုကဲ့သို့ ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မှားယွင်းသည့် အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းသင့်သည်ဟု တရုတ်နိုင်ငံက ဆိုသည်။ တရုတ်နိုင်ငံ၏ လွှတ်တော်အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် အမေရိကန်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လာမည့်တနင်္ဂနွေနေ့တွင် စတင်မည့် လွှတ်တော်အစည်းအဝေးတွင် တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်၏ ဗဟိုကော်မတီက ဟောင်ကောင်မြို့တွင် ပြဋ္ဌာန်းရန် အဆိုပြုထားသည့် လုံခြုံရေးဥပဒေသစ်ကို ဆွေးနွေးမည်ဖြစ်သည်။ အဆိုပြုထားသည့်ဥပဒေအရ ဟောင်ကောင်မြို့တွင် တရုတ်နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာကို ထိခိုက်အောင်လုပ်ပါက ပြစ်မှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဟောင်ကောင်မြို့တွင် တရုတ်နိုင်ငံ၏ လုံခြုံရေးအေဂျင်စီရုံးများ တည်ဆောက်သွားဖွယ်ရှိသည်။ အဆိုပါလုပ်ရပ်ကြောင့် ဟောင်ကောင်မြို့တွင် တရုတ်ပြည်မကြီးကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တစ်ကျော့ပြန် ဖြစ်ပေါ်စေခဲ့သည်။        

(KNT)






အခြားဆက်စပ်သတင်းများ