နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးကို အနိုင်ရပြီး အက်စတွန်ဗီလာ အဆင့် ၃ နေရာရောက်

ဒီဇင်ဘာ ၇

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် အက်စတွန်ဗီလာအသင်းနှင့် မန်စီးတီး အသင်းတို့ ယနေ့နံနက်အစောပိုင်းက ဗီလာပက်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အက်စတွန်ဗီလာအသင်းက တစ်ဂိုး၊ ဂိုး မရှိဖြင့် အနိုင်ရရှိသည်။

အဆိုပါပွဲစဉ်တွင် အက်စတွန်ဗီလာ အသင်းက အဘက်ဘက်က အသာစီး ရယူပြီး မန်စီးတီးအသင်းကို ဖိအားပေး နိုင်ခဲ့ကာ အိမ်ကွင်းနိုင်ပွဲနှင့်အတူအမှတ် ပေး ဇယားအဆင့် ၃ နေရာသို့ တက် လှမ်းနိုင်ခဲ့သည်။


ပထမပိုင်းတွင် ဗီလာအသင်းက ခြေစွမ်းအသာဖြင့် ပွဲကိုဦးဆောင်ကစား ခဲ့ပြီး အဓိက ကစားသမားများဖြစ် သည့် ဒိုကူ၊ ဂရီးလစ်ရှ်နှင့် ရိုဒရီတို့မပါ ဝင်နိုင်သည့် မန်စီးတီးအသင်း၏ ကွင်းလယ်နှင့်တိုက်စစ်ပိုင်းက အားနည်း  နေခဲ့ကာ ဗီလာအသင်း၏ကစားကွက် အောက်သို့ရောက်ရှိခဲ့ပြီး တန်ပြန်တိုက် စစ်ပုံစံဖြင့် ကစားရသည်။

နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီ ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းနေသကဲ့သို့ ဂိုးသမားများ လက်စွမ်းပြနေခြင်းကြောင့် ပထမပိုင်း တွင် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။


ဒုတိယပိုင်းတွင်လည်း အက်စတွန်  ဗီလာအသင်းကသာ ပွဲကိုထိန်းချုပ် ကစားခဲ့ပြီး ၇၄ မိနစ်တွင် ဘိုင်လီက အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ မန်စီးတီးအသင်းက ရိုဒရီမပါ သည့် ကွင်းလယ်ကြောင့် တိုက်စစ်ကိုပါ သက်ရောက်မှုကြီးမားခဲ့ပြီး ဒုတိယပိုင်း တစ်ပိုင်းလုံးကန်ချက် တစ်ကြိမ်မျှ မပြုလုပ်နိုင်သည်အထိ ဆိုးရွားခဲ့ကာ ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။


ထို့ပြင် မန်ယူအသင်းနှင့် ချဲလ်ဆီး အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ယူ အသင်းအတွက် အနိုင်ဂိုးများကို ၁၉ မိနစ် နှင့် ၆၉ မိနစ်တွင် တွမ်မီနေးက သွင်းယူ ပေးခဲ့ကာ ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကို ၄၅ မိနစ်တွင် ပယ်လ်မာက သွင်းယူပေးခြင်းဖြစ်သည်။       သူရိန်






အခြားဆက်စပ်သတင်းများ