နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်အတွင်းရှိ လုပ်ငန်းပိုင်ဆိုင်ရာဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန်    ဇွန်   ၂၇

အင်းစိန်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသိန်းသန်းသည်အောင်ဆန်းဈေး၊ ဈေးရုံသစ်တည် ဆောက်ရာလုပ်ငန်းခွင်သို့ ဇွန် ၂၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကိုကြည့်ရှုစစ်ဆေးခဲ့ပြီးကျန်လုပ်ငန်းပိုင်းများအချိန်နှင့်တပြေးညီပြီးစီးဆောင်ရွက်နိုင်ရေးအတွက် မှာကြားခဲ့သည်။

ထို့နောက် အောက်မင်္ဂလာဒုံလမ်း GTI ကျောင်းရှေ့ကားမှတ်တိုင်နေရာတိုးချဲ့ပြီးသည့်နောက် ရေမြောင်း များ၊ လူသွားစင်္ကြံပလက်ဖောင်းများ၊ မြို့နယ်လမ်းနှင့်တံတားဌာနမှ ဆောင်ရွက်ပြီးမြေပိုများတိုက်ထုတ်ရှင်းလင်း    နေရာသို့သွားရောက်ကြည့်ရှုခဲ့သည့်အပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌသည် ဘိုကုန်းဈေးယာယီ ဆိုင်ခန်းတည်ဆောက်နေမှုနှင့် စျေးရုံသစ်ဆိုင်ခန်းများအမိုးမျက်နှာကြက် ကွန်ကရစ်လောင်းထားမှုကို တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

(NWA)






အခြားဆက်စပ်သတင်းများ