နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချက်အသင်း နည်းပြ ဆေလ်ဟာဗီ ရာထူးက နုတ်ထွက်

နိုဝင်ဘာ ၂၃


ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွင် ချက်အသင်းက မော်ဒိုဗာအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့သော်လည်း အသင်းနည်းပြ ဆေလ်ဟာဗီက ရာထူး ကနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

နည်းပြ ဆေလ်ဟာဗီ၏ ချက် အသင်းသည် ခြေစစ်ပွဲအုပ်စု E တွင် ရှစ်ပွဲကစား ခဲ့ရာ လေးပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ၁၅ မှတ်ရ ရှိခဲ့ရာ အမှတ်ပေးဇယားထိပ်မှ အယ် ဘေးနီးယားအသင်းနှင့် ရမှတ်တူခဲ့ သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအရ အယ်ဘေးနီးယားအသင်းက အုပ်စု ပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ချက်အသင်းအနေဖြင့် အုပ်စုဒုတိယ နေရာဖြင့်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ ကာ နောက်ဆုံးကစားခဲ့သည့် ယူရို ပြိုင်ပွဲ ရှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင် မြင်ခဲ့သည်။


“အခုလို အနိုင်ရလဒ်ကို စွမ်း ဆောင်နိုင်ခဲ့လို့ အရမ်းပျော်မိပါတယ်။ ဒါပေမယ့် ကျွန်တော် ချက်အသင်းကို ဆက်လက် တာဝန်ယူတော့မှာ မဟုတ် ဘူးလို့ ဆုံးဖြတ်ပြီးပါပြီ။ နိုင်ငံအသင်း တစ်သင်းကို တာဝန်ယူရတာက အရမ်း ကို ဖိအားများပါတယ်။ ကျွန်တော် နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖိုစကာ ကိုလဲ ထွက်ခွာဖို့အကြောင်း ပြောခဲ့ပါ တယ်”ဟု ချက်အသင်း နည်းပြ ဆေလ်ဟာဗီက ပြောကြားခဲ့သည်။

သူရိန်






အခြားဆက်စပ်သတင်းများ