နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါဗီနေရာ အစားထိုးရန် ကစားသမားငါးဦး အစားထိုးမည်ဟု နည်းပြဇာဗီ ပြော

နိုဝင်ဘာ  ၂၄


ဘာစီလိုနာအသင်းလူငယ်ကစား သမားဂါဗီသည် နိုင်ငံတကာပြိုင်ပွဲ ကာလအတွင်း စပိန်အသင်းတွင်  ပါဝင်ကစားခဲ့ရာ ဒူးအရွတ်ထိခိုက်မှု ဒဏ်ရာကြောင့် ယခုနှစ်ဘောလုံးရာသီ ကုန်အထိ အနားယူရမည်ဖြစ်သဖြင့် ၎င်း၏နေရာတွင် အစားထိုးရန် ကွင်းလယ်  ကစားသမားငါးဦးအထိ ပစ်မှတ်ထား နေကြောင်း နည်းပြဇာဗီက ပြောကြား ခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဂါဗီ သည် ယခုနှစ်ဘောလုံးရာသီ နည်းပြ ဇာဗီ၏ လက်အောက်၌အကောင်းဆုံး ခြေစွမ်းပြသနေသည့် ကစားသမား တစ်ဦးဖြစ်သောကြောင့် ၎င်းကို လက်လွှတ်ရမည့် ဘာစီလိုနာအသင်း အနေဖြင့် ကွင်းလယ်ပိုင်းအတွက်အခက်  တွေ့နေခြင်းဖြစ် သည်။


ထို့ကြောင့် နည်းပြဇာဗီက ဂါဗီ၏ နေရာတွင် အစားထိုးရန်အတွက် အတ္တ လန်တာအသင်းမှ ကွင်းလယ်ကစား သမားအီဒါဆန်၊ စပါးအသင်းမှ လိုဆယ် ဆို၊ ဂျီရိုနာအသင်းမှ ဟာရဲရား၊ ဘက် တစ်အသင်းမှ ရိုဒရီဂွက်ဇ်နှင့်လီဗာပူး အသင်းမှ အယ်ကန်တာရာတို့ကိုခေါ်ယူ  ရန် ပစ်မှတ်ထားနေပြီး ၎င်းတို့ထဲမှ  တစ်ဦးကို ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း  သိရသည်။                              သူရိန်






အခြားဆက်စပ်သတင်းများ