နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်း IA ကုမ္ပဏီနှင့် ရင်ဘတ်စပွန်ဆာ စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရ

စက်တင်ဘာ ၂၈

ချဲလ်ဆီးအသင်းသည် THREE ကုမ္ပဏီနှင့် လမ်းခွဲခဲ့ပြီး နောက် ရင်ဘတ်စပွန်ဆာ အတွက် အမေရိကန်အခြေစိုက် အားကစားကုမ္ပဏီတစ်ခုဖြစ် သည့် Infinite Athlete(IA)နှင့် စပွန်ဆာစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သည်။

ချဲလ်ဆီးအသင်းသည် IA ကုမ္ပဏီနှင့် ၂၀၂၃-၂၀၂၄ ဘော လုံးရာသီအတွက် စတာလင် ပေါင် သန်း ၄၀တန်ကြေးရှိသည့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ သဖြင့် လာမည့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနှင့် ကစားမည့် ပွဲစဉ်တွင် IA အမှတ် တံဆိပ်ပါသည့် အင်္ကျီများပြောင်း လဲဝတ်ဆင် ကစားသွားမည်ဖြစ် သည်။

ချဲလ်ဆီးအသင်းသည် IA ကုမ္ပဏီနှင့် မည်သည့်ကာလထိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည် ကို ထုတ်ဖော်ပြောကြားခြင်းမရှိ ဘဲ လာမည့် ၂၀၂၄-၂၀၂၅ ဘော လုံးရာသီအတွက် စပွန်ဆာ စာချုပ်သစ်  ရှာဖွေလျက်ရှိ ကြောင်း သတင်းများထွက်ပေါ် နေသည်။

ချဲလ်ဆီးအသင်းသည် နည်း ပြ ပိုချက်တီနိုလက်အောက်တွင် ပုံစံကောင်း ပျောက်ဆုံးလျက်ရှိ ပြီး အမှတ်ပေးပြိုင်ပွဲ ခြောက်ပွဲ ကစားပြီးချိန်တွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာတွင် ရောက်ရှိ နေသည်။                         

သူရိန်






အခြားဆက်စပ်သတင်းများ