နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီဗီလာ ကစားသမားဟောင်း ပါပူးဂိုးမက်ဇ် ကစားသမားဘဝက အနားယူရန် စီစဉ်

စက်တင်ဘာ ၂၈

ဆီဗီလာအသင်းနှင့် နှစ်ဖက် သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ သည့် ကွင်းလယ်ကစားသမား ပါပူးဂိုးမက်ဇ်က ကမ်းလှမ်းလာ သည့်အသင်း မရှိပါက ကစား သမားဘဝက အနားယူရန် စီစဉ် ထားသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ပါပူးဂိုးမက်ဇ်သည် အာဂျင်တီး နားအသင်းနှင့်အတူ ၂၀၂၂ ကမ္ဘာ့ ဖလားချန်ပီယံဆုရရှိခဲ့ပြီးနောက် ဆီဗီလာအသင်းနှင့်အတူ ယူရိုပါ လိဂ်ချန်ပီယံဆုဖလားထပ်မံရရှိ ခဲ့သော်လည်း နွေရာသီအပြောင်း အရွှေ့ကာလက အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျန် ရှိချိန်၌ တရားဝင်စာချုပ်ဖျက် သိမ်းခဲ့သည်။

"ကျွန်တော့်အနေနဲ့ ကလပ် အသင်းတစ်ခုခုက ကမ်းလှမ်း လာမယ့် အခွင့်အရေးကို စောင့် မျှော်နေပါတယ်။ ဒီအခွင့်အရေး တွေ ရောက်မလာခဲ့ရင်တော့ ကျွန်တော် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ထားပါ တယ်။ ကစားသမားဘဝကို ပြန် ကြည့်ရင် ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန် တော့်အတွက် အရမ်းခက်ခဲပြီး မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်လို့ နောက်ထပ် အောင်မြင်မှု တွေမလိုတော့ပါဘူး"ဟုပါပူးဂိုး မက်ဇ်က ပြောသည်။

ပါပူးဂိုးမက်ဇ်သည် ၂၀၀၅ ခုနှစ်က ၎င်း၏ ကစားသမားဘဝ ကို အာဂျင်နီးနားကလပ် အာဆင်နယ်ဒီဆာရန်ဒီအသင်း နှင့် စတင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဆန်လိုရန်ဇိုအသင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အီတလီ ကလပ်ကာတာနီးယားအသင်း၊ ၂၀၁၃ ခုနှစ်တွင် ယူကရိန်းကလပ် ခါကိဗ်အသင်း၊ ၂၀၁၄ ခုနှစ်တွင် အတ္တလန်တာအသင်းနှင့် ၂၀၂၁ ခုနှစ်တွင် ဆီဗီလာအသင်းတို့၌ ကစားခဲ့သူဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ