နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမြစ်မကျန် တိုက်ထုတ်ပစ်

ဇွန်   ၂၇ 

+    ကမ္ဘာကြီးကို ခြိမ်းခြောက်လာ
    ဗိုင်းရပ်စ်ကိုရိုနာ။
+    စိန်ခေါ်လာတဲ့ ရောဂါဆိုး
    ဝိုင်းဝန်းတိုက်ဖျက်ချိုး။
+    ကိုရိုနာပိုးကင်းဝေးအောင်
    လူစုလူဝေးရှောင်။
+    ကိုင်ဆောင်ပြီးတိုင်း မြန်မကြာ
    ဆပ်ပြာနဲ့လက်ဆေးပါ။
+    အသွားအလာဆင်ခြင်လို့
    အိမ်မှာနေကြစို့။
+    တို့ပြည်သူတွေ ပေါင်းစည်းအား
    ကိုဗစ်ရန်ဖယ်ရှား။
+    ခြောက်ပေခြားလို့ ရပ်တည်ကာ
    နွေးထွေးဆက်ဆံပါ။
+    မြို့ပြပြည်ရွာဆေးဖျန်းပေး
    ကိုဗစ်ကင်းစင်ဝေး။
+    အသိပေးလို့ နှိုးဆော်နေ
    လူတိုင်းလိုက်နာစေ။
+    ကမ္ဘာမွှေတဲ့ မောင်ကိုဗစ်
    ပြည်သူအားလုံးကြွေးကြော်ဟစ်
    အမြစ်မကျန်တိုက်ထုတ်ပစ်။    ။

မောင်ထည်ဝါ(ပျော်ဘွယ်)






အခြားဆက်စပ်သတင်းများ