နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပူးပေါင်းပါဝင်

ကျိုင်းတုံ    ဇွန်   ၂၇ 

မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်းအလုပ်အမှုဆောင် ဒေါက်တာသိန်းငွေ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလုံဆု၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်အားလင်းလျှံ၊ ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့ ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၅) ဦးသည် ကျိုင်းတုံခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ မော်တော်ယာဉ်ဥပဒေအသစ်နှင့် ပတ်သက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးခြင်း၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးရှိ မြို့မစျေးကြီး ရှေ့တွင်  ဇွန် ၂၆ ရက်၊ နံနက် ၉ နာရီခန့်က ပူးပေါင်းဆောင်ရွက်ခဲ့ကြစဉ်။

အောင်အောင်






အခြားဆက်စပ်သတင်းများ