နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီဘောလုံးအဖွဲ့ချုပ်က မွန်တဲလားကို နည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာ

စက်တင်ဘာ  ၂၅

တူရကီ ဘောလုံးအဖွဲ့ချုပ် သည် ရလဒ်ပိုင်းကျဆင်းနေသည့် နည်းပြ စတီဖန်၏ နေရာတွင် တူရကီကလပ် ဒီမာစပေါ်အသင်း နည်းပြဟောင်း မွန်တဲလားကို နည်းပြသစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
တူရကီအသင်းသည် ပြီးခဲ့ သည့် နိုင်ငံတကာပြိုင်ပွဲကာလ အတွင်း ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် နှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး အုပ်စု D အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ သောကြောင့် ‌တူရကီဘောလုံး အဖွဲ့ချုပ်အနေဖြင့် စက်တင်ဘာ ၂၀ ရက်က နည်းပြ စတီဖန်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ မွန်တဲလားကို နည်းပြ သစ်အဖြစ်ခန့်အပ်ပြီး ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် သည်။
အသက် ၄၉ နှစ်အရွယ်ရှိ နည်းပြ မွန်တဲလားသည် ၂၀၀၈ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၀၉ ခုနှစ် တွင် နည်းပြလောကသို့ စတင် ဝင်ရောက်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ကာတာနီးယားအသင်း နည်းပြ ချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ဖီအိုရင်တီးနား၊ ဆမ်ဒိုးရီး ယား၊ အေစီမီလန်၊ ဆီဗီလာနှင့် ဒီမာစပေါ်အသင်းတို့ကို တာဝန် ယူ ကိုင်တွယ်ခဲ့သူဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ