နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရမ်းမြို့နယ် အေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်း

ရန်ကုန်၊ ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချပေးနိုင်စေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်စေရန် ရန်ပုံငွေကျပ်သိန်း ၃၀၀ မတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်အတိုးရငွေဖြင့် အများပြည်သူသွားလာရေးအဆင်ပြေစေရန် ဘုန်းကြီးကျောင်းလမ်းအရှည် ပေ ၆၇၀ အကျယ် ၆ ပေ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းခွင့်သို့ ဇွန် ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ်။

ကိုကျော် (သုံးခွ)






အခြားဆက်စပ်သတင်းများ