နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ဂယက်ကြောင့် သင်္ကြန်ကာလနေရပ်မပြန်ရသည့် နိုင်ငံ့ဝန်ထမ်းများကို နှစ်သက်ရာအချိန်တွင် အဝေးပြေးယာဉ်များစီးနင်းခွင့်ပြုရန် စီစဉ်

ရန်ကုန် ဧပြီ ၆ သင်္ကြန်ပိတ်ရက်အတွင်း ကားလက်မှတ်များ ကြိုတင်ဝယ်ယူထားသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် COVID-19 ရောဂါအခြေအနေများကြောင့် နေရပ်ပြန်ခွင့်မရရှိခဲ့ခြင်းဖြစ်ပြီး ဝယ်ယူထားသည့် ကားလက်မှတ် ကုန်ကျစရိတ်များကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဝေးပြေးယာဉ်များစီးနင်းရန် ဝယ်ယူထားသည့်လက်မှတ်များအတွက် ပြန်အမ်းငွေများမရရှိပါက တစ်နှစ်တာကာလပတ်လုံးအတွင်း ယင်းတို့နှစ်သက်ရာအချိန်တွင် စီးနင်းနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း နေပြည်တော်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။ အလားတူ ပြည်သူများအနေဖြင့် ကားဂိတ်များမှ ကားလက်မှတ်များပြန်တောင်း၍မရပါက(သို့) ကားဂိတ်မှ စီးခွင့်ရစေရန်မစီစဉ်ပေးပါက ရုံးသို့ အချိန်မရွေး လာရောက်တိုင်ကြားနိုင်ကြောင်း သိရသည်။ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံးသည် အရေးကြီးကိစ္စရပ်များ၊ (နာရေး)မှအပ ခရီးသွားလာခြင်းကို ခွင့်မပြုရန် ဧပြီလ ၄ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာထားသည်။ လက်ရှိ နေပြည်တော်ကောင်စီနယ်မြေတွင် နေပြည်တော်အခြေစိုက် ပြေးဆွဲနေသည့် ယာဉ်လိုင်း ၂၇ လိုင်း၊ အခြားမြို့မှ ဝင်ထွက်သွားလာနေသည့် ယာဉ်လိုင်း ၇၃ လိုင်းရှိကြောင်း သိရသည်။ (မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ