နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီအသင်းက အဆန်စီယိုကို ၂၀၂၈ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်း

စက်တင်ဘာ ၂၃

ပီအက်စ်ဂျီအသင်းသည် နွေရာသီ အပြောင်းအရွှေ့ ကာလက အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူထားသည့် တောင်ပံ ကစားသမား အဆန် စီယိုကို လာမည့် ၂၀၂၈ ခုနှစ် အထိ သက်တမ်းတိုးစာချုပ်ချုပ် ဆိုရန် ကမ်းလှမ်းမှု ပြုလုပ် ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည် နွေရာသီ အပြောင်းအရွှေ့ ကာလက တောင်ပံကစားသမား အဆန်စီယိုကို ရီးရဲလ်မက် ဒရစ်အသင်းမှ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်အထိ သုံးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ၎င်း သည်အသင်းနှင့် ပါဝင်ကစား ခွင့်ရခဲ့သည့် ပြိုင်ပွဲစုံသုံးပွဲ တွင် သွင်းဂိုးနှစ်ဂိုးနှင့် ဂိုး ဖန်တီးမှုတစ်ကြိမ် ပြုလုပ်၍ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် အသင်းတာဝန်ရှိသူများက ကာလရှည်ထိန်းသိမ်းရန် အတွက် ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆန်စီယို သည် နိုင်ငံတကာပြိုင်ပွဲကာလ အတွင်း စပိန်အသင်းနှင့်ကစား ခဲ့စဉ်က ရရှိခဲ့သည့် ခြေဖဝါး ဒဏ်ရာကြောင့် အနားယူနေရ သဖြင့် ပြီးခဲ့သည့် ဒေါ့မွန် အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်အဖွင့် ပွဲစဉ်ကို လွဲချော်ခဲ့ရပြီး လာမည့် အောက် တိုဘာလမှသာ အသင်းနှင့်ပြန် လည်ပူးပေါင်းနိုင်မည်ဖြစ် ကြောင်း သိရသည်။         

သူရိန်






အခြားဆက်စပ်သတင်းများ