နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် ဆန်ချိုအား ရောင်းချရန် မန်ယူအသင်း ပြင်ဆင်

စက်တင်ဘာ ၂၃

မန်ယူအသင်းသည် တောင်ပံ ကစားသမား ဆန်ချိုအား နည်းပြ တန်ဟက်ဂ်ကို တောင်းပန်ခြင်း မရှိပါက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အရှုံး ခံရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုသည် ၂၀၂၁ ခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်း ထံသို့ ပေါင် ၇၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းတွင် ပုံမှန်ခြေစွမ်း ပြနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ 

အာဆင်နယ်အသင်းအား ရှုံးနိမ့်သည့်ပွဲမတိုင်မီ မန်ယူနည်းပြတန်ဟက်ဂ်က ယင်းပွဲ အတွက် အသင်းလူစာရင်း၌ ဆန်ချို မပါဝင်ခြင်းမှာလေ့ကျင့် ရေးကွင်းတွင် ခြေစွမ်းမပြနိုင်ခြင်းကြောင့်ဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သော်လည်း ဆန်ချိုက တန်ဟက်ဂ်၏ အဆိုပါပြောဆိုမှုများမှာမမှန်ကန်ကြောင်းနှင့်အခြားအကြောင်း အရင်းများကြောင့်ရွေးချယ်မခံရ ခြင်းဖြစ်သည်ဟု လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။ 

ယင်းဖြစ်ရပ်အတွက်မန်ယူ အသင်းက ဆန်ချိုအား တန်ဟက်ဂ်ကို ပြန်လည်တောင်းပန် ရန် ညွှန်ကြားခဲ့သော်လည်း ကစားသမားက ငြင်းဆန်ခဲ့သဖြင့် ယခုအခါ ၎င်းကို အသင်းကြီးနှင့် လေ့ကျင့်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။           

သူရိန်






အခြားဆက်စပ်သတင်းများ