နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူး၌ သတင်းစကားလက်ကမ်းစာစောင်အတွဲ(၄)အမှတ်(၆)ဖြန့်ဝေ

ရန်ကုန်    ဇွန်   ၂၆  


ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်‌ကမ်းစာစောင်အတွဲ(၄) အမှတ်(၆)အား လူစည်ကားရာနေရာများဖြစ်သော ဈေး၊ လက်ဖက်ရည် ဆိုင်များ၊ ကျေးရွာများအထိ ရန်ကုန်တောင်ပိုင်းခရိုင်‌၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးနေကြောင်း သိရသည်။


အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၁၉ ခုနှစ်၊ ဇွန် ၂၇ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ပြောကြားခဲ့ သည့် မိန့်ခွန်းကောက်နုတ်ချက် ၁၀.၃.၂၀၂၀ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်ပြောကြားချက်များမှ ကောက်နုတ်ချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနအော်တိုတယ်လီဖုန်းနံပါတ်များ၊ ဖက်စ်ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့်ကာတွန်းများပါရှိကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင် စောင်ရေ  ၂၀၀၀၀၀ အား အခမဲ့ထုတ်ဝေပေးနေကြောင်း သိရသည်။                     


ကျော်သူရ(ကော့မှူး)






အခြားဆက်စပ်သတင်းများ