နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံပိုးမှုဖြင့် ပြည်သူများအတွက် အိမ်တိုင်ရာရောက် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ရန်ကုန် ဧပြီ ၆ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် We love Yangon လူထုအခြေပြု ပရဟိတအဖွဲ့ နာယက ဒေါ်ခင်မိမိကြွယ်နှင့် ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့ ဦးဆောင်၍ အဖွဲ့ဝင်များသည် သက်သာ ချောင်ချိရေး အစီအစဉ်ဖြင့် COVID 19 ကပ်ရောဂါ အရေးပေါ်အခြေအနေအတွင်း အများပြည်သူသို့ အခြေခံ စားသောက်ကုန်များကို အမျိုးအစားများအဖြစ် သုံးမျိုးခွဲ၍ အိမ်တိုင်ရာရောက် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာ၍ အိမ်တိုင်ရာရောက် အခမဲ့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ အလှူရှင်များနှင့် We Love Yangon အဖွဲ့မှ မြို့နယ်အသီးသီးရှိဆင်းရဲနွမ်းပါးသူများကိုလည်း အောက်ပါ package များကို အလျဉ်းသင့်သလို ဝေမျှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ We love Yangon ၏ message box မှလည်း မှာကြားနိုင်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း ဖုံးဆက်၍ မှာကြားနိုင်ကြောင်း သိရသည်။ အဆိုပါ အခြေခံစားသေက်ကုန် Package A အမျိူးအစားတွင်ဆန် (၆) ပြည် (ဧည့်မထဆင်းသွယ်)နေကြာဆီ(၅၀သား) ၁ဘူး၊ ကြက်သွန်နီ ၁ပိဿာ၊ ကြက် ဥ (၁၀) လုံး၊ ငါး သေတ္တာ (၅)ဘူး၊ ငရုတ်သီးမှုန့် (သို့မဟုတ်) အလားတူပစ္စည်းတစ်မျိုး၊ ကော်ဖီ + ကွေကာ (၅ထုပ်တွဲစီ)၊ ခေါက်ဆွဲခြောက် ၅ ထုပ် တို့အား ကျပ် ၁၆၀ဝ၀ ဖြင့်လည်းကောင်း၊ Package B အမျိုးအစားတွင် ဆန် (၆) ပြည် (ဧည့်မထဆင်းသွယ်)၊ နေကြာဆီ (၅၀ သား) ၁ ဘူး၊ ကြက်သွန်နီ ၁ ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ငရုတ်သီးမှုန့် (သို့မဟုတ်) အလားတူပစ္စည်းတစ်မျိုး၊ ကော်ဖီ + ကွေကာတို့အား ကျပ် ၁၂၀ဝ၀ ဖြင့်လည်ကောင်း၊ Package C အမျိုးအစားတွင် ဆန် (၆) ပြည် (ဧည့်မထဆင်းသွယ်)၊ နေကြာဆီ(၅၀ သား) ၁ ဘူး၊ ကြက်သွန်နီ ၁ ပိဿာ၊ ငရုတ်သီးမှုန့် (သို့မဟုတ်) အလားတူ ပစ္စည်းတစ်မျိုးတို့အား ကျပ် ၁၀ဝဝဝ ဖြင့်လည်ကောင်း မှာယူသောနေ့မှ ၃ ရက်အတွင်း အရောက်ပို့ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။ အလှူရှင်များနှင့် ပြည်သူများ မှာယူလိုပါက We Love Yangon ဖုံးနံပါတ် 09 7565 171 05, 09 7565 171 06 တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ