နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် လီဝမ်ဒေါစကီး မှတ်တမ်းဝင်

စက်တင်ဘာ  ၂၂
ဘာစီလိုနာအသင်းက အန့် ဝပ်အသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အသင်း အတွက် ဒုတိယမြောက်ဦးဆောင် ဂိုးကို သွင်းယူနိုင်ခဲ့သည့် လီဝမ် ဒေါစကီးသည် ချန်ပီယံလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။
လီဝမ်ဒေါစကီးသည် ယခင် က ပိုလန်ကလပ် လက်ပိုဇနန် အသင်းတွင် ကစားခဲ့စဉ်က သွင်း ဂိုး ခြောက်ဂိုး၊ ဂျာမန်ကလပ် ဒေါ့မွန်အသင်းတွင် ကစားခဲ့စဉ် က သွင်းဂိုး ၁၈ ဂိုး၊ ဘိုင်ယန်မြူး နစ်အသင်းတွင် ကစားခဲ့စဉ်က သွင်းဂိုး ၆၉ ဂိုးနှင့် လက်ရှိ ဘာစီ လိုနာအသင်းတွင် ချန်ပီယံလိဂ် သွင်းဂိုး ခုနစ်ဂိုးထိ ရှိလာခဲ့ရာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်း တွင် သွင်းဂိုး ၁၀၀ ပြည့်မြောက် ခဲ့သည့် ကစားသမားများမှာ စီရော်နယ်လ်ဒိုက သွင်းဂိုး ၁၄၅ ဂိုးဖြင့် ပထမနေရာနှင့် မက်ဆီ က ၁၃၂ ဂိုးဖြင့် ဒုတိယနေရာ တွင် ရပ်တည်လျက်ရှိပြီး ယခု အခါ လီဝမ်ဒေါစကီးက သွင်းဂိုး ၁၀၀ ပြည့်မြောက်သည့် တတိယ မြောက် ကစားသမားအဖြစ် ရပ် တည်နိုင်ခဲ့သည်။
သူရိန်






အခြားဆက်စပ်သတင်းများ