နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီ သီးနှံ တိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထားလျက် ရှိရာ နိုင်ငံ၏စား‌ရေရိက္ခာဖူလုံ‌ရေးအတွက် စိုက်ပျိုး‌ရေး၊ မွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးမြေအားလုံး အပြည့်အဝ အသုံးချရန်နှင့် တစ်သီးစားမှ သီးထပ်စိုက်ပျိုးရေး ကြိုးပမ်းသကဲ့သို့ တောင်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးသွင်းအားစုများ ပံ့ပိုးခြင်း၊ ဈေးကွက်ဖော် ဆောင်ရေးတို့ကို ‌ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ တောင်သူလယ်သမားတို့၏ဘဝသည် ပို၍ကောင်းမွန်  သော အလှည့်အပြောင်းကို ကူးပြောင်းရောက်ရှိလာပြီဖြစ်သည်။ မကြာသေးမီနှစ်များကစပြီး မိုးစပါးတစ်သီးစားမှ နွေစပါးကို ကျယ်ပြန့်စွာ စိုက်ပျိုးလာ၏။ 

ထို့အပြင် ဆီထွက်သီးနှံမြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုး လာကြသည်။ အထူးသဖြင့် ရေကောင်းမြေကောင်းသည့်နေရာများ တွင် စိုက်ပျိုး‌ရေးနည်းပညာများ ဖြန့်ဖြူးခြင်းနှင့် မျိုးကောင်းမျိုးသန့် များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

ပခုက္ကူခရိုင်သည် စပါးစိုက်ဧက နည်း၍ ဆန်လိုဒေသဖြစ်သော် လည်း ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက် ရှိရာ မိုးမြေပဲသီးနှံ စိုက်ပျိုးမှုအနေဖြင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များတွင် စုစုပေါင်းဧက ၁၅၂၇၄၆ ဧက စိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

ယခုအခါ မိုးမြေပဲများ စတင်နုတ်သိမ်းလျက်ရှိသည်။ တောင်သူ လယ်သမားများ၏ တစ်ပိုင်တစ်နိုင် အလေအထအဆင့်မှ ဈေးကွက် ဝင် သီးနှံအမယ်များရွေးချယ်၍ စီးပွားဖြစ် စိုက်ကွင်းများ ထူထောင် အကောင်အထည်ဖော်သည့် အလေ့အထများကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးစနစ်ဖြင့် စီးပွားဖြစ်သီးနှံအမယ်များ စိုက်ပျိုးပြီး ‌ဈေးကွက်အရောက် တင်ပို့ရောင်းချသည့်အဆင့်အထိ ပြောင်းလဲ ဖော်ဆောင်ရပေမည်။

ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံသော သီးနှံအမယ်များကို ပြည်ပ ဈေးကွက်လိုအပ်ချက် အရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက် အချိန်ကိုက် စိုက်ပျိုးထုတ်လုပ်သော စိုက်ကွင်းများ စံနမူနာပြ အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် မိုး သီးနှံအပြီးတွင် ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးပြီး သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူဦးကြီး တို့ ပူးပေါင်းကြိုးပမ်း စိုက်ပျိုးခြင်းဖြင့် တောင်သူဦးကြီးတို့ မိသားစု ဝင်ငွေများ တိုးပွားလာစေ‌ရေး အားကြိုးမာန်တက် ဆောင်ရွက် စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ