နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးကစားသမား ပါရီဆစ် ဒဏ်ရာကြောင့် ခြောက်လခန့် အနားယူရမည်

စက်တင်ဘာ  ၂၁

စပါးအသင်း အဓိက တောင်ပံ ကစားသမား ပါရီဆစ်သည် ဒူး အရွတ် စုတ်ပြဲဒဏ်ရာကြောင့် အနည်းဆုံး ခြောက်လခန့်ထိ အနားယူရမည်ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ လက်ကျန်ပွဲစဉ် များအားလုံးကို လွဲချော်ဖွယ်ရှိ နေကြောင်း သိရသည်။
ပါရီဆစ်သည် ရှက်ဖီးလ် အသင်းနှင့် စပါးအသင်းတို့ကစား ခဲ့သည့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ခဲ့သော်လည်း အသင်းနှင့် လေ့ကျင့်ရေးအစီအစဉ်တွင် ပြင်းထန် သည့် ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိခဲ့သည့်အတွက် ကာလရှည် အနားယူရမည့် အရေးနှင့်ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်။
ပါရီဆစ်သည် လက်ရှိနည်းပြ ပိုစတီကိုဂလူ လက်အောက် တွင်လည်း အဓိက ကစားသမား အဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီတွင် လည်း ပရီးမီးယားလိဂ် ပွဲစဉ် ငါးပွဲစလုံး ပါဝင်ကစားခွင့်ရရှိ ားကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားသူဖြစ်သည်။
ပါရီဆစ်၏ဒဏ်ရာမှာ ခွဲစိတ် ကုသမှု ခံယူရမည့် အခြေအနေများကြောင့် အနည်းဆုံးခြောက် လခန့်ထိ အနားယူရဖွယ်ရှိနေပြီး လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လကုန်ပိုင်းမှသာ ကြံ့ခိုင်မှုပြည့်ဝ ဖွယ်ရှိနေကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ