နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီအသင်း လက်ရွေးစင်နည်းပြအဖြစ် ဘိုင်ယန်နည်းပြဟောင်း နာဂျယ်စမန်းကို ခန့်အပ်

စက်တင်ဘာ  ၂၁

ဂျာမနီအသင်းသည် နည်းပြ ဖလစ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ ပြီးနောက် ယခုအခါ နာဂျယ် စမန်းကို နည်းပြသစ်အဖြစ် ခန့် အပ်ခဲ့ကြောင်း ဂျာမနီဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ ခဲ့သည်။

ဂျာမနီ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက နည်းပြ နာဂျယ် စမန်းနှင့် ဆွေးနွေးခဲ့ရာတွင် တစ်လလုပ်ခ ယူရို ၄၀၀,၀၀၀ ဖြင့် လာမည့် ၂၀၂၄ ခုနှစ်ကုန် အထိ တစ်နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး ၎င်းအနေ ဖြင့် လာမည့်နွေရာသီ အပြောင်း အရွှေ့တွင် အသင်းနှင့် သက် တမ်းတိုးစာချုပ် မချုပ်ဆိုခဲ့ပါက အခြားကလပ်အသင်း တစ်သင်း သို့ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ နည်းပြ နာဂျယ်စမန်းသည် ၂၀၁၆ ခုနှစ်က နည်းပြလောက သို့ စတင်ဝင်ရောက်ခဲ့ပြီး ဟော် ဖန်ဟိမ်းအသင်းကို တာဝန်ယူ ခဲ့ရာ အောင်မြင်မှုရရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် လိုက်ပ်ဇစ် အသင်းသို့ရောက်ရှိခဲ့ပြီး လိုက်ပ် ဇစ်အသင်းအား ဂျမန်ပိုကယ် ဖလား ရယူပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်း က ခေါ်ယူခဲ့သော်လည်း ဖလား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိ ရန် ရုန်းကန်ခဲ့ရသောကြောင့် ပြီးခဲ့သည့် မတ်လက အသင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ