နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန်

မြန်မာနိုင်ငံတွင် ခရီးသွားစရာနေရာများပေါများလှသည်။ လေ့လာလည်စရာနေရာများ၊ အပန်းဖြေအနားယူစရာနေရာများ ပေါများလှသည်။ ပွင့်လင်းရာသီများတွင် ပြည်ပခရီးသွားဧည့်သည် များသာမက ပြည်တွင်း ခရီးသွားများလည်း ပိုမိုလည်ပတ်သွား လာကြသည်။

ထိုသို့ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနေကြသည် မှာ အဆန်တကြယ်မဟုတ်သော်လည်း ခရီးသွားဧည့်သည်များ သည် မြန်မာတို့၏ လူနေမှုဘဝ ဓလေ့ထုံးစံများ အံ့ချီး၊ မကုန်သော ရှေးဟောင်းဗိသုကာ အဆောက်အအုံများနှင့် သာယာလှပသော မြန်မာ့ရှုခင်းများကို ဦးစားပေးလေ့လာကြသည်။

ရန်ကုန်မြို့တော်ကြီးတွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံများ၊ ဟောင်နွမ်းအဆောက်အအုံများ သန့်ရှင်း သပ်ရပ်ရေးနှင့် သစ်လွင်တောက်ပရေးအတွက် လိုအပ်သည်။ ရန်ကုန်မြို့သည် မိမိတို့နိုင်ငံတွင် စီးပွားရေးအချက်အခြာမြို့ဖြစ် သည့်အပြင် နိုင်ငံတကာဧည့်သည်များ ဝင်ထွက်သွားလာရာ မြို့ လည်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ၂၅/၂၀၂၃ ကို စက်တင်ဘာ ၁၉ ရက်က မြို့တော်ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ ၄ ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးတက်ရောက်မှာကြားရာတွင် မုတ်သုံလေ ဆုတ်ခွာပြီး မိုးနှောင်ကာလပွင့်လင်းရာသီတွင် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေကောင်း ရေသန့်ရရှိရေးလုပ်ငန်းများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များအတွင်း ရှိ အဆောက်အဦများ၊ နေအိမ်ခြံဝင်းများ၊ လမ်းများ၊ နောက်ဖေး လမ်းကြားများကို သန့်ရှင်းသာယာသပ်ရပ်စေရန် သက်ဆိုင်ရာဌာန အသီးသီးတို့က ကြပ်မတ်ဆောင်ရွက်ရန် သီတင်းကျွတ်ကာလမှ စတင်ပြီး ပြည်သူရင်ပြင်အတွင်း ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်မည်ဖြစ် သဖြင့် ပြည်လမ်းမှ ရွှေတိဂုံဘုရား၊ အနောက်ဘက်မုခ်၊ ဦးဝိစာရ လမ်းအထိ ရင်ပြင်အတွင်း ပန်းကွက်များ ပုံဖော်ရေး၊ ညဘက် အလှဆင်မီးဆိုင်းများထားရှိရေး၊ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရား လမ်းတစ်လျှောက် အုပ်မိုးကိုင်များ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ရေး၊ မြို့တော်အတွင်း ယာဉ်များ ပိတ်ဆို့မှုမရှိစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် အများပြည်သူများ လိုက်နာရန် စည်းကမ်း ချက်များ ထုတ်ပြန်ရေး၊ ကော်မတီနှင့် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့က ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများကို တိုးချဲ့ဆောင်ရွက်ရေး မှာကြားခဲ့သည်။

သို့ဖြစ်ရာ သာယာစိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန် တွင် စိတ်အေးကြည်လင်စွာဖြင့် ခရီးသွားဧည့်သည်များ ရန်ကုန် မြို့၏ ရှုခင်းအလှကို လေ့လာနိုင်ကြပေမည်ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ