နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရမ်ဒေးလ်ကိုခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် ချဲလ်ဆီးအသင်းတို့ အပြိုင်ကြိုးပမ်း

စက်တင်ဘာ  ၂၀

အာဆင်နယ် အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ဂိုးသမား ရမ်ဒေးလ်ကို ဘိုင်ယန် မြူးနစ်အသင်းနှင့် ချဲလ်ဆီး အသင်းတို့က ခေါ်ယူရန် အပြိုင် ကြိုးပမ်းနေကြောင်း သိရသည်။

နည်းပြ အာတီတာသည် နွေရာသီအပြောင်းအရွှေ့ကာလ က ခေါ်ယူထားသည့် ဂိုးသမား ရာယာကို အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် ပထမဆုံး အသုံးပြုခဲ့ ရာ ၎င်းအနေဖြင့် လက်စွမ်းပြသ ၍ အသင်းအား တစ်ဂိုး၊ ဂိုးမရှိ ဖြင့်အနိုင်ရရှိအောင် စွမ်းဆောင်  နိုင်ခဲ့ပြီးနောက် နည်းပြ အာတီတာ က ဂိုးသမားများကို အလှည့်ကျ အသုံးပြုမည်ဟု ပြောကြားခဲ့ရာ ရမ်ဒေးလ်နှင့် အာဆင်နယ်အသင်း တို့ အနာဂတ်မှာ မရေရာမှုများ ရှိလာခဲ့သည်။

နည်းပြ အာတီတာက လာ မည့် ဆောင်းရာသီ အပြောင်း အရွှေ့ကာလတွင် ရမ်ဒေးလ်ကို ခေါ်ယူလိုသည့် အသင်းများရှိပါက လည်း ကြိုဆိုကြောင်း၊ အနည်း ဆုံးပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၆၀ ရရှိလျှင်ရောင်းချ နိုင်မည်ဖြစ်ကြောင်း ပြောကြား ထားသည်။

ထို့ကြောင့် ဂိုးသမားလိုအပ် ချက်ရှိနေသည့် ဘိုင်ယန်မြူးနစ် အသင်းနှင့် ချဲလ်ဆီးအသင်းတို့ က ရမ်ဒေးလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး အပြိုင်ကမ်း လှမ်းမှု ပြုလုပ်သွားမည်ဖြစ် သည်။                           

သူရိန်






အခြားဆက်စပ်သတင်းများ